Chapter 7.1

7.3K 1.1K 6
                                    

(Unicode)

ဝှက်ထားသောဓား

အဲ့ဒီလူက  ဇနီးမယားတစ်‌ယောက်လိုမျိုး အရမ်းကို ကျိုးပဲ့လွယ်တယ်၊သူဒီကို ရောက်လာကတည်းက သူက နေမကောင်းဖြစ်လာပြီးတော့ သုံးလလောက်တောင် အသက်မရှင်တော့ဘူး။ဒါပေမယ့် သူက ကွဲပြားတယ် ၊သူက orcတစ်ကောင်ရဲ့သန်မာတဲ့ကိုယ်လုံးကိုယ်ပေါက်မရှိပေမယ့်လည်း သေးငယ်တဲ့သန်မာဖြတ်လတ်မှုလည်း မရှိပြန်ဘူး။ကံကောင်းစွာနဲ့ သူက plug-inတစ်ခုနဲ့ လာခဲ့တဲ့အပြင် သူက သူ့ကိုယ်သူဂရုစိုက်တာမှာ ကျွမ်းကျင်တယ်။အကျပ်အတည်းတစ်ခုကြောင့်နဲ့ ဒီနေရာမှာ သူက ဘယ်လိုမိန်းမောတွေဝေနိုင်မှာလဲ။

"ငါတို့က အခုဘေးကျပ်နံကျပ်ဖြစ်နေတာ ဆောင်းတွင်းမှာ အေးပြီး အစားအစာမလုံလောက်တာက orcတွေအတွက် အဆုံးမသတ်နိုင်တဲ့ဘေးအန္တရယ်ပဲ ကြမ်းတမ်းတဲ့ဆောင်းရာသီက ကုန်ဆုံးသွားပြီး ငါတို့ရဲ့လူအနည်းစုကလည်း ထွက်သွားကြတယ် အခုတော့ ခြင်္သေ့တောင်ပံမျိုးနွယ်စုတစ်ခုလုံးမှာ လူတစ်ထောင်လောက်ပဲ ရှိတော့တယ် ငါတို့က ဘုရားသခင်ဆီ နေ့တိုင်းဆုတောင်းကြပြီး ကြီးမြတ်တဲ့ဘုရားသခင်ရဲ့သနားညှာတာမှုကြောင့် နောက်ဆုံးတော့ မင်းကို ပို့လာခဲ့တယ်"တာ့ဝူက စိတ်လှုပ်ရှားမှုအနည်းငယ်နဲ့ ပြောခဲ့တယ်။

ဒီကျိုးပဲ့လွယ်တဲ့ ဘုရားသခင်ရဲ့တမန်တော်ကို ခြောက်လှန့်မိမှာစိုးတာကြောင့် ကြီးမြတ်တဲ့စုန်းမက အရမ်းတည့်တိုးမပြောချင်ဘူး။ဒါပေမယ့် မျိုးနွယ်စု‌အားလုံးက မျိုးနွယ်၀င်တွေက  ခက်ခဲတဲ့ပတ်၀န်း‌ကျင်ကြောင့် အဆက်မပြတ်လျော့နည်းနေပြီးတော့ မွေးဖွားနှုန်းကလည်းပဲ လျော့နည်းနေတယ်။ဒီလိုသာဆက်ဖြစ်နေရင် သူတို့ရဲ့မျိုးနွယ်စုတွေက ဒီတိုက်ကြီးရဲ့ သမိုင်းဖြစ်လာတော့မှာပဲ။

သေစမ်း!!ဒါက အရမ်းတိုက်ရိုက်ဖြစ်လွန်းသွားပြီ။သူက အခုမှရောက်ရုံရှိသေးတာကို ဘာတစ်ခုမှလဲသိတာမရှိပဲနဲ့ ဒီလိုလေးလံတဲ့တာ၀န်ကို သူ့ကိုပေးလိုက်တယ်တဲ့။အဲ့ဒီယောက်ျား စောစောသေသွားတာကို မအံ့ဩတော့ပါဘူး။(သူ ဘလိမ်းနေတာ🤣🤣)

"တာ့ဝူ ကျွန်တော်ဒီကိုအခုမှရောက်တာမို့ ကျွန်တော်ဘာမှမသိဘူးလေ ခင်ဗျားပြောတာတွေက ကျွန်တော့်ကို ဘာပြောရမှန်းမသိဖြစ်စေတာပဲ  ကိစ္စတွေကို ပြောင်းလဲအောင်လုပ်ဆောင်နိုင်စွမ်းက ကျွန်တော့်မှာ ရှိလားဆိုတာ ကျွန်တော်မသိဘူး"ပိုင်မုက တာ့ဝူကို ကသိကအောက်နဲ့ ကြည့်လိုက်တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now