RVTIACF Chapter-(18)

3.1K 479 25
                                    

CHAPTER-(18)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ပိုင်ရွယ်ဝေ့ကယိချန်ဘေးမှာရပ်နေတာကြောင့် အချေအတင်တစ်ခုလုံးကို ကြားလိုက်ရသလို သူမကိုပြောတဲ့အခါတိုင်း ယိကျန့်ဟုန်ရဲ့အထင်သေးခြင်းကိုလည်း ကြားနေရသည်။

ဒီစကားတွေကသူမအတွက်တော့ ထက်ရှတဲ့ဓာသွားတွေပင်။ ဒီစကားတွေက သူမကိုဖျော့တော့သွားပြီး အရှက်ရစေသည်။

သူမခေါင်းငုံ့ကာကျောမတ်မတ်ထားရင်း ယိချန်သူမကိုနှစ်သိမ့်လာမှာကို စောင့်နေလိုက်သည်။ ယိချန်ကသူမရဲ့ မာန်ရှိပြီးခေါင်းမာတဲ့စရိုက်ကို ချစ်မြတ်နိုးတာကိုသိ၏။ ဒါပေမယ့်လည်း သူမအချိန်တော်တော်ကြာ စောင့်နေတာတောင် ယိချန်ဆီကနှစ်သိမ့်တဲ့စကားတစ်လုံးတောင် မကြားခဲ့ရပေ။

ယိချန်ကတော့ ကြက်သေသေနေပြီဖြစ်သည်။ ချူရှောင်းနဲ့သူ့ရဲ့စေ့စပ်ပွဲကိုဖျက်သိမ်းချင်တာက အကြံစရကတည်းကဆို တစ်နှစ်နီးပါးပင်ရှိတော့မည်။ အခုတော့ နောက်ဆုံးမှာစေ့စပ်ပွဲလည်းပျက်သွားပြီ။

ဒါပေမယ့်သူစိတ်ကူးထားသလိုတော့ မပျော်ရွှင်ခဲ့၊ အဲ့အစားသူ့နှလုံးသားက ဗလာကျဥ်းပြီးအရေးပါတဲ့တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရသလိုခံစားရသည်။

သူချုရှောင်းကို ကြိုက်ခဲ့ပါသည်။ သူတို့တွေက ကလေးဘဝချစ်သူများဖြစ်ကြသလို သူတို့တွေက တူညီတဲ့နောက်ခံတွေက ဆင်းသက်လာကြသူများလည်းဖြစ်သည်။

တူညီတဲ့နောက်ခံကလူတွေကလည်း ငယ်ရွယ်တဲ့ချစ်စရာစုံတွဲလေးဖြစ်နေတာကို ချီးမွမ်းခဲ့ကြသလို တစ်ယောက်အတွက်တစ်ယောက် မွေးဖွားလာခဲ့တာလို့ လူတိုင်းယုံကြည်ကြ၏။ သူလည်းအဲ့လိုခံစားရပြီး သူမလိုဇနီးလောင်းလေးရှိတာကိုတောင် ဂုဏ်ယူခဲ့မိသည်။

သူတို့ငယ်စဥ်က အင်တာနက်မှာပိုက်စိတ်တိုက်ရှာပြီး စုံတွဲတွေချစ်မိတဲ့အခါ လုပ်သင့်တဲ့ အသေးအဖွဲ့ကိစ္စလေး နှစ်ဆယ်တစ်ခုအကြောင်းပြောထားတဲ့ အတော်လေးပျံ့နှံနေတဲ့ ဆောင်းပါးတစ်စောင်ကို ရှာတွေ့ခဲ့​ပြီး သူတို့အကုန်လုံးလုပ်ခဲ့ကြသည်။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now