အပိုင်း(၁)

73.9K 906 4
                                    

ဆရာ၊ဘာလို့ကျတော်က စာအုပ်ထဲက
ဥပမာနဲ့မတူတာလဲ?


အတန်းထဲ၌

ကျန်းချင်ဟဲသည် စင်မြင့်ပေါ်တွင် ရပ်နေပြီးဇီဝဗေဒပညာရပ်ဆိုင်ရာ အမျိုးသမီးများနှင့် အမျိုးသားများကြား ခြားနားချက်များအပြင် နွေဦးအိပ်မက်များနှင့် ဓမ္မတာလာခြင်းတို့ကိုလည်း လက်ချာပို့နေခဲ့သည်။

ကျောင်းသားအားလုံး ရွစိရွစိဖြစ်နေကြသည်။ သူတို့ကို တစ်ခါမှ ရှင်းရှင်းလင်းလင်း
မရှင်းပြဖူးတဲ့ အသိပညာကိုချပြပေးလိုက်တာက ဒီကျောင်းသားတွေအတွက် ကမ္ဘာသစ်တစ်ခုဆီ တံခါးဖွင့်ပေးလိုက်သလိုပဲ။

ကျန်းချင်ဟဲတစ်‌ယောက် အားကိုးရာမဲ့နေခဲ့သည်။ သူ့မှာ ဒီအကြောင်းတွေပြောတိုင်းပြောတိုင်း အမြဲရှက်မိနေတယ်။

ဒါပေမဲ့လဲ သူ ကျောက်သင်ပုန်းပေါ်မှာပုံဆွဲပြီးရှင်းပြဖို့ မြေဖြူခဲလေး ယူလိုက်သည်။ကျောင်းသားတွေက သူပြောပြနေတဲ့အကြောင်းရာတွေကို စိတ်ဝင်တစားနားထောင်နေပေမဲ့ သူ့ကိုတော့ မကြည့်ရဲကြဘူး။

ယောက်ျားလေးကျောင်းသားအများစုကမိန်းကလေးတချို့ကို နတ်ဆိုးဆန်ဆန်ကြည့်နေကြပြီး မိန်းကလေးတွေကလဲ ယောက်ျားလေးတွေကို ပြင်းပြင်းထန်ထန် ပြန်ကြည့်နေကြတယ်။

ဒီလိုနဲ့ အတန်းထဲ၌ကောင်းမွန်တဲ့ရာသီဉတုအခြေအနေတော့ပျက်ပြားသွားခဲ့ပြီ..

ဒါပေမဲ့ သူတို့ထဲမှာထူးထူးခြားခြားကျောင်းသားတစ်ယောက်ရှိတယ်။ခေါင်းငုံ့ပြီး တခြားသူတွေနဲ့လဲ စကားမပြောဘူး။သူ့မျက်နှာက အလွန်ဖြူဖျော့နေတယ်။နဖူးက ချွေးတွေနဲ့ ဖုံးလွှမ်းနေပြီး တစ်ချက် ထိလိုက်ရုံနဲ့ပြိုပျက်သွားမဲ့ပုံမျိုး။ ကျန်းချင်ဟဲ ဒီကောင်လေးမေ့များလဲသွားမလားဆိုပြီး စိတ်ပူမိသွားသည်။

သူဒီကောင်လေးကိုသတိထားမိတာကြာပြီ။
သူ့နာမည်ကခဲ့လင်။
သူက Noble Academyမှာဆက်တက်ဖို့ရည်ရွယ်ထားပေမဲ့ မိသားစုအခြေအနေကြောင့် ဒီအထက်တန်း ကျောင်းကို ပြောင်းလာရသည်။ သူသည် ကျောင်းပြောင်းလာတဲ့ ကျောင်းသားအသစ်တစ်ယောက်ဖြစ်နေဆဲပဲ။

ဒွိလင်ဘေဘီလေးနှင့်သူ၏ဘော်ဒါများ(Mm Trans:)Where stories live. Discover now