အခန်း ၉ (အပိုင်း ၂)

4K 506 2
                                    


သူမဘွဲ့ရပြီးတာနှစ်ပေါင်းများစွာ ကြာနေပေမယ့် ဒီအဆောက်ဦးတွေက မပြောင်းလဲခဲ့ သူမ လမ်းလည်းမပျောက်ဘဲ အဆောင်ကို အမြန်ရှာတွေ့ခဲ့သည်။ အနံ့တစ်ခုက နှာခေါင်းထဲထိ လာတိုးဝင်တော့ သူမ မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီအနံ့ကို ရင်းနှီးလိုက်တာ သူမ မကြာခန သုံးတတ်တဲ့ရေချိုးဆပ်ပြာနံ့ပဲ ဘယ်လောက်တောင်သုံးထားလဲမသိ တံခါးဖွင့်လိုက်တာနဲ့အနံ့တန်းရတာပဲ

ပိတ်ထားတဲ့ ရေချိုးခန်းတံခါးကိုကြည့်ပြီး ယောင်ယောင် လှောင်ပြုံးပြုံးလိုက်သည်။ ရေချိုးခန်းထဲရေချိုးနေတဲ့လူက လွဲရင် အဆောင်ခန်းထဲ နောက်ထပ် လူနှစ်ယောက်ရှိသေးသည်။ တစ်ယောက်က အိပ်လို့ တစ်ယာက်က ခုံမှာထိုင်ပြီး စာအုပ်တစ်အုပ်ဖတ်နေတာပင် တံခါးဖွင့်သံကြားတော့ အိပ်နေတဲ့သူက မလှုပ် စာအုပ်ဖတ်နေတဲ့သူက ခေါင်းမော့ကြည့်လာကာ သူမကိုမြင်တော့ ပြုံးပြကာ "ယောင်ယောင် good morning"

"good morning တန်ချင်း" ယောင်ယောင် ရိုးသားစွာ ပြန်ပြုံးပြလိုက်သည်။

တန်ချင်းက သူမကိုနှုတ်ဆက်ပြီးတော့ စာသာ ဆက်ဖတ်နေခဲ့သည်။ ယောင်ယောင်က လျှောက်သွားကာ နွားနို့ရယ် ဆင်းဝှစ်ခ်ျရယ်ကိုခုံပေါ်တင်လိုက်သည်။ တန်ချင်းက သံသဃ နဲ့ကြည့်နေတာမြင်တော့ သူမက "ငါ နင့်အတွက် မနက်စာယူလာပေးတာ"

"ကျေးဇူး" တန်ချင်းက ကျေးဇူးတင်ကာ မနက်စာ စားတော့သည်။

ရေချိုးခန်းထဲက ထွက်လာတဲ့သူက သူမကိုမြင်တော့ ပျော်ရွှင်စွာ "ယောင်ယောင် နင်ပြန်လာပြီ" လို့ အော်တော့သည်။

တဖက်သူက စိတ်အားထက်သန်စွာအော်နေတာနဲ့ယှဉ်ရင်ယောင်ယောင်က အေးစက်လို့

"ယောင်ယောင် နင်က အကောင်းဆုံးဆိုတာ ငါသိတယ် ငါ့မနက်စာကော? ငါဗိုက်တအားဆာနေပြီ" သူမက ပြောပြီး ယောင်ယောင်လက်ကိုလှမ်းကြည့်လိုက်ပေမယ့် ယောင်ယောင်လက်ထဲ ဘာအိတ်မှ ကိုင်ထားတာကိုမတွေ့  သူမ လွယ်ထားတဲ့အိတ်ကလည်း ဘာမှမရှိသလိုပင်

ယောင်ယောင်က ပုခုံးတွန့်ကာ "ဆောရီး နင့်အတွက် ဘာမှမပါဘူး"

ထို့နောက် တဖက်လူကို အာရုံမစိုက်တော့ဘဲ တန်ချင်းကို "အတန်းစတော့မယ် နင်သွားရင်း စားပါလား"

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now