အခန်း(၃၉)(၂)

1.5K 305 7
                                    

                   <ယုံကြည်ပေးပါ>

ဝမ်ရွှမ်သည် ကလေးကို ဖမ်းရန်အတွက် ဝိဥာဥ်စွမ်းအင်ကို ပို့လွှတ်တော့မည့်ဆဲဆဲတွင် ကျန်းရီကလည်း ထိုအရာကို ဦးစွာ ဆောင်ရွ
က်ခဲ့သည်။

ထို့နောက် ကျန်းရီသည် လက်များထက် ဝိဥာဥ်စွမ်းအင်ကို အသုံးပြုခြင်းက ပိုလွယ်ကူကြောင်း ခံစားမိရာ ကလေးငယ်ကို ဝိဥာဥ်စွ
မ်းအင်ဖြင့် အနားယူစေခဲ့သည်။သူသည် ဝိဥာစွမ်းအင်ကိုပင် ထိန်းချုပ်၍ ပုခက်ကဲ့သို့ ညင်
သာစွာ ရှေ့တိုးနောက်ငင် လှုပ်ယမ်းစေလျက် ကလေးငယ်ကို ချော့မြူသိပ်ရန် စွမ်းစွမ်းတမံ ကြိုးစားနေလေသည်။

ဤပြသနာတစ်တန်းကြီးကို ပြေလည်အောင် ဖြေရှင်းနေရင်းဖြင့် ကျန်းရီသည် သူ့နှုတ်ခမ်းသူ ခပ်တင်းတင်း ဖိကိုက်ထားလျက်ရှိသည်။

အဆက်မပြတ် ငိုကြွေးနေခြင်းကြောင့် က
လေးငယ်လေး၏ မျက်ဝန်းများမှာ ဖြည်းဖြ
ည်းချင်း နီမြန်းလာပြီး မတရားမှုတစ်ခုကို လ
က်တွေ့ ကြုံနေရသကဲ့သို့ သူ၏ ပါးမို့မို့လေးများလည်း နီတွတ်လာလေသည်။

ခဏအကြာတွင် ဝိဥာဥ်ပုခက်က တကယ်ကို ထိရောက်သွားပုံရသည်။ကလေးငယ်၏ ငိုသံမှာ တိုးညှင်းသွားတော့၏။ကျန်းရီ၏ ပါးပြင်မှ နီမြန်းမှုများလည်း ပျောက်ကွယ်သွားချေပြီ။သူ့မျက်ဝန်းထောင့်တွင်သာ နီရဲနေသည့် အရိပ်အယောင်တစ်ချို့ ကျန်တော့သည်။

တစ်ခုခုမှားနေသလိုတော့ခံစားမိနေတုန်းပဲ

ဤမကျေနပ်ချက်သည် ထိုကဲ့သို့သော ကိစ္စငယ်လေးကိုပင် ဖြစ်မြောက်အောင် အသုံးကျကျ မဆောင်ရွက်နိုင်သည့်အတွက် စိတ်ပျက်အားငယ်ခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော်
လည်း ယခုနက ဝမ်ရွှမ့် ငြင်းပယ်မှုနှင့် မေးမြ
န်းခြင်းတို့ကြောင့် ပို၍ ဆိုးရွားလာခဲ့သည်။

ဝမ်ရွှမ်ပြောနိုင်မှာ။

သေချာပေါက်ကို ဝမ်ရွှမ်က ပြောနိုင်မှာပဲ။

မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးမှာ တစ်ဦးနှင့် တစ်ဦး သိကျွမ်းဝင်ခဲ့ကြပြီး နေ့ရော ညပါ အ
တူတူ ဖြတ်သန်းခဲ့ကြသည်မှာ အချိန်တစ်ချို့ပင် ကြာနေချေပြီ။ကျန်းရီ့အမူအယာ တစ်ခုချင်းစီတိုင်း၏ အဓိပ္ပါယ်ကို ဝမ်ရွှမ်က အတိ
အကျ နားလည်နိုင်ပေသည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now