𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟹《အတိတ်ဘ၀အကြောင်း》

7.6K 1K 42
                                    

My Cherry Will Explode in the Apocalypse

Chapter 2

Author: Drunken Light Song
Source: Jostena M
Translator: オタク

【Unicode】

စုရွေ့ကျယ်ထိတ်လန့်သွားပြီး သူ့လက်အားလျော့သွားသဖြင့် သူကိုင်ထားသောဓားသည် အောက်တည့်တည့်သို့ပြုတ်ကျသွားလေ၏။ သူအချိန်မှီမရှောင်လျှင် အဲ့ဒါကစုရွေ့ကျယ်၏ခြေထောက်ပေါ်သို့ တည့်တည့်ကျသွားနိုသ်လေသည်။

“ဂရုစိုက် ! ”

ကျန့်ယွင်ချက်ချင်းအနားရောက်သွားပြီး သူ့လက်ကောက်၀တ်ကိုဆုပ်ကိုင်ကာ သူ့တစ်ကိုယ်လုံးကိုသူ့ဘက်သို့ဆွဲယူလိုက်လေသည်။ ထို့ကြောင့် စုရွေ့ကျယ်၏ခြေထောက်ပေါ်ဓားစိုက်သွားမည့်အဖြစ်ဆိုးမှရှောင်ရှားလိုက်နိုင်လေ၏။

ကျန့်ယွင်ဆွဲလိုက်သဖြင့် စုရွေ့ကျယ်အသိပြန်၀င်လာလေ၏။ သူထိခိုက်မိပြီးဒဏ်ရာရမည်ကို အနည်းငယ်ကြောက်မိသော်လည်း ကျန့်ယွင်၏မသိစိတ်ကြောင့်လှုပ်ရှားလိုက်မှုကြောင့် ပိုတုန်လှုပ်သွားရသည်။ အရင်ဘ၀လိုတစ်ပုံစံတည်းပင်။ သူဘယ်လိုအန္တရာယ်ပဲကြုံရပါစေ ကျန့်ယွင်ကအမြဲလိုလိုသူ့ဘေးနားအချိန်မှီပေါ်လာပြီး သူ့အားထိုအန္တရာယ်များဆီမှကာကွယ်ပေးစမြဲပင်။

သူအရင်ဘ၀ကဖြစ်ပျက်ခဲ့တာတွေက ဒီမှာတစ်ဖန်ထပ်ဖြစ်လာတာပဲ။

ထိုအချိန်တုန်းက သူက အသက်ဆယ့်ခုနစ်နှစ်အရွယ်ကောင်လေးတစ်ယောက်ဖြစ်သည်။ ဇွန်ဘီဗိုင်းရပ်စ်ဖြစ်ပွားခြင်းပြီးနောက် ဇွန်ဘီတွေက နေရာအနှံ့မှာ ဖြစ်လာကြကာ တစ်မြို့လုံးဖရိုဖရဲဖြစ်နေခဲ့ပြီး နေရာတိုင်းတွင် ထိန်လန့်တုန်လှုပ်စရာသွေးအနံ့များရနေခဲ့သည်။ သူနဲ့သူ့ဦးလေးမိသားစုသည် အိမ်ထဲတွင်ပုန်းနေခဲ့ကြပြီး အကုန်လုံးအပြင်မထွက်ရဲခဲ့ကြပေ။ သူ့အကြီးဆုံးအဒေါ်၏ အသက်ကြီးလာသူများ၏အမူအကျင့်ကြောင့်အစားအသောက်များပို၀ယ်ထားလေ့ရှိခြင်းကြောင့် သူတို့အိမ်ထဲတွင်လတစ်၀က်ခန့်နေနိုင်ခဲ့ကြလေသည်။ သူတို့ဘယ်လိုပဲခြိုးခြံချွေတာသည်ဖြစ်စေ အစားအသောက်အားလုံးသည် စားလိုက်ကြရသည်ပဲဖြစ်သည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now