Chapter 7.2

6.6K 1.4K 21
                                    

(Unicode)

ဝှက်ထားသောဓား

ပိုင်မုက သူ့ရှေ့က အညိုဖျော့ဖျော့ဆံပင်၊ လေးနက်တဲ့အသွင်အပြင်နဲ့ ချောမောခန့်ညားတဲ့မျက်နှာရှိတဲ့ နှစ်မီတာထက်ပိုပြီးတော့တောင်မြင့်တဲ့orcကို ကြည့်လိုက်တယ်။orcက ချောမောခန့်ညားတဲ့ယောက်ျားဖြစ်နေလို့ ပိုင်မုက ကူကယ်ရာမဲ့စွာနဲ့ သက်ပြင်းချလိုက်တယ်။သူအခုထိ လိမ်ဖယ်နေတဲ့ဖရဲသီးတွေကို မတွေ့ရ‌သေးဘူး။(T/N-တွေ့လိုက်သမျှအချောလေးတွေဖြစ်နေလို့ အဲ့လိုပြောတာနေပါလိမ့်မယ်)

"ဒီတစ်ခေါက် ငါ ကောင်းမွန်တဲ့ရိပ်သိမ်းမှုရခဲ့တယ်"အကြီးမားဆုံးအကျိုးအမြတ်က လှပတဲ့မိန်းမပျိုကို ကောက်ရလာတာဖြစ်ပြီး ခဲယ်လ်တစ်က ကျေနပ်နေတယ်။"ပိုင်မု ဒါက ကိုယ့်ရဲ့သူငယ်ချင်းကောင်းလိန်းကျယ်၊ ကိုယ်အဝေးရောက်နေတုန်းမှာ အန်းချီလော့ကို ဂရုစိုက်ပေးလို့ သူ့ကိုကျေးဇူးတင်နေရတာ"

"လိန်းကျယ် ဒါက ပိုင်မု"ခဲယ်လ်တစ်က လိန်းကျယ်ကို ပြောလိုက်ပြီး စကားကို အဆုံးသတ်လိုက်တယ်။သူက လိန်းကျယ်ကိုတော့ စိတ်အေးရတယ်။ဒီကောင်က သူတို့ရဲ့အန်းချီလော့ကို နှစ်သက်နေတာလေ။အန်းချီလော့သာ အရမ်းမငယ်နေရင် ဒီကောင်က လူကို အိမ်ကိုပြန်ပေးဆွဲသွားလောက်ပြီ။သူ(လိန်းကျယ်) အန်းချီလော့ကို သေလောက်အောင်ကြိုက်နေတာကိုမြင်ပြီး ခဲယ်လ်တစ်က သူ့ရဲ့အန်းချီလော့ကို လိုက်ဖို့ လိုက်လျောပေးခဲ့တာ။

ပိုင်မုနဲ့လိန်းကျယ်တို့နှစ်ယောက်သား နှုတ်ဆက်လိုက်ကြပြီးတော့ ခဲယ်လ်တစ်က လိန်းကျယ်ကို ပြောခဲ့တယ်။"အန်းချီလော့က အိမ်မှာ ချက်ပြုတ်နေတာ၊ ညနေကျရင် စားဖို့ ငါ့အိမ်ကိုလာခဲ့"

"ကောင်းပြီ ငါအဲ့ဒီကို လာခဲ့မယ်"စကားပြောပြီးနောက် နှစ်ယောက်သားက လမ်းခွဲလိုက်ကြတယ်။

ခဲယ်လ်တစ်နဲ့သူ အိမ်ကိုပြန်ရောက်တော့ ရှားရှားပါးပါး ခြ‌င်္သေ့လေးက အပြင်ထွက်ဆော့ချင်ပေမယ့် ‌အမဲသားကို ဝါးပြီး ကျောက်တုံးပေါ်မှာ နာခံစွာနဲ့ ထိုင်နေခဲ့တယ်။အုပ်စုသေးသေးနှစ်စုအဖြစ်ခွဲထားတဲ့ ရိုးရှင်းတဲ့မီးဖိုကို အန်းချီလော့ဘေးမှာ ပိုင်မုက မြင်လိုက်ရပြီး နားလည်သဘောပေါက်ဟန်ဖြင့် ပြုံးလိုက်တယ်။ဒီကောင်ငယ်လေးက အတော်လေးစဉ်းစားတတ်တာပဲ။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now