RVTIACF chapter-(19)

3K 487 14
                                    

CHAPTER-(19)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ယိချန်ဘာတွေတွေးနေမိမှန်း နားမလည်ပေ။ အဲ့အစား သူ့အတွေးတွေကသပွတ်အူလိုက်နေတော့သည်။ ဘာမှလုပ်ဖို့လည်းစိတ်မပါ။ နောက်ဆုံးတော့ ပိုင်ရွယ်ဝေ့ဘက်ကို လှည့်ပြီးပြောလာသည်။

"ချူရှောင်းနဲ့ကိုယ် စေ့စပ်ပွဲ ဖျက်ပြီးသွားပြီ။ ကိုယ်တို့နှစ်ယောက် အချင်းချင်းပတ်သတ်စရာ ရှိလာတော့မှာမဟုတ်ဘူး။"

အလင်းတစ်ချက်က ပိုင်ရွယ်ဝေ့မျက်လုံးတွေထဲ တောက်ပသွားပေမယ့် သူမခေါင်းမော့ချိန်မှာတော့ သူမမျက်ဝန်းမှာမျက်ရည်တွေနဲ့ ပြည့်နေသည်။

"ကျွန်မကြောင့်သာမဟုတ်ရင်....ရှင်တို့နှစ်ယောက်ကြားက ဆက်ဆံရေးကဒီလို ပြီးဆုံးသွားမှာမဟုတ်ဘူး။ ကျွန်မမြို့က ထွက်သွားသင့်တာ။ ကျွန်မသာထွက်သွားခဲ့ရင် ရှင်နဲ့ချူရှောင်းလက်ထပ်ပြီး ပျော်ရွှင်တဲ့စုံတွဲတွေဖြစ်နေလောက်ပြီ။ မေမေလည်းချူမိသားစုကနေ ကန်ထုတ်ခံရမှာမဟုတ်ဘဲ အဲ့တာကြောင့်နဲ့ ညတိုင်းငိုမနေရတော့ဘူး။"

ယိချန်ကသူမကိုဖက်ကာ ညင်ညင်သာသာနှစ်သိမ့်ပေးသည်။

"မင်းအမှားမဟုတ်ပါဘူး။ ပြသနာက ကိုယ်နဲ့ချုရှောင်းကြားမှာ ဖြစ်တာ။ မင်းမြို့ကထွက်သွားတောင် ကိုယ်သူမနဲ့ ဇတ်သိမ်းမိမှာမဟုတ်ဘူး။"

ပိုင်ရွယ်ဝေ့သူ့ပုခုံးပေါ်မှီတဲ့အချိန်မှာ မျက်ရည်တွေကလည်း သူမမျက်လုံးကလျှံထွက်နေပြီး ယိချန်ရှပ်အင်္ကျီမှာ စိမ့်ဝင်နေလေ၏။ ထိုနောက် သူမစပြီးရှိုက်တော့သည်။

"ရှောင်းရှောင်းက အခုချိန်အရမ်းဝမ်းနည်းနေမှာ။ နောက်ဆုံးတော့လည်း သူမကရှင့်ကို အရမ်းကြိုက်တာလေ....."

ချူရှောင်းက သူ့ကိုတုတ်နှောင်ထားတယ်လို့ ခံစားရတာကြောင့် အတိတ်မှာဆိုရင်တော့
ယိချန်ဒီစကားတွေကြားရင် စိတ်အနှောင့်အယှက်ဖြစ်မိမှာ။ အခုတော့ သူမနေနိုင်ဘဲ ချူရှောင်းသူ့ကိုမ​ဖြတ်ဖို့ မျက်ရည်ကျလုလု တောင်းပန်တဲ့အချိန်ကို သတိရမိတော့သည်။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now