Chapter 19

2.8K 551 5
                                    

Uni

ဖေ့ချန် အဝတ်လဲကာ ဟန်နီဘယ်လ်ကိုခေါ်ပြီး အိမ်အပြင်ကို ထွက်လာခဲ့တယ်။ ပြီးတော့ မြေအောက်ကားဂိုဒေါင်ကိုသွားပြီး သူ့အကိုရဲ့ အကောင်းဆုံး Hummerကြီးပေါ် တက်ကာ လမ်းပေါ်ကို မောင်းလာခဲ့တယ်။

တစ်နှစ်မှာ လပေါင်း 12ခုရှိပေမယ့် ဖေ့ချန်က ဧပြီလနှင့် နိုဝင်ဘာလကို အကြိုက်ဆုံးပဲ။ သူ့အတွက် ဒီလနှစ်လက နေလို့ထိုင်လို့ တော်တော်လေးကို ကောင်းတယ်။ ဖေ့ချန် စိတ်ကြွစေလွန်းတဲ့အော်ဆိုရတဲ့ သီချင်းတွေကို နားထောင်ရင်း ကားကို ကြမ်းကြမ်းတမ်းတမ်းနှင့် အရှိန်ပြင်းပြင်းမောင်းကာ အချိန်တစ်ခုထိကြာအောင် မရပ်နားခဲ့ဘူး။ ဒီလမ်းရဲ့ အဆုံးမှာ ဘာရှိမလဲဆိုတာကို သူလည်း အရမ်းသိချင်နေမိတယ်။

ကောင်းကင်က နေဝင်ကာခါနီး ခရမ်းရောင်သန်းလာချိန်မှာ နောက်ဆုံးတော့ ဖေ့ချန်လမ်းရဲ့အဆုံးကို ရောက်ရှိသွားပြီ။

ပေတိုင်းဟုန်မြစ်ရဲ့ သောင်ပြင်ပေါ်မှာ ဖေ့ချန်မတ်တပ်ရပ်နေမိတော့ ပင်လယ်ရနံ့ပါတဲ့ ပြင်းရှရှလေညှင်းတွေက သူ့ရဲ့မျက်နှာဆီကို သက်ရောက်နေတယ်။ မြစ်ရေပြင်ပေါ်မှာ လမင်းကြီးက ရောက်ရှိနေပြီး သူ့ရဲ့ဘေးမှာလည်းကောင်းကင်တစ်ခွင်က ကြယ်တွေအများကြီး ဝန်းရံထားတယ်။ နန်ဟွိုင်လင် ဖုန်းထဲမှာပြောခဲ့တာတွေနဲ့ တစ်ပုံစံတည်းလိုပဲ။

ဖေ့ချန် ဖုန်းထုတ်ပြီးဓာတ်ပုံတစ်ပုံရိုက်ကာ နန်ဟွိုင်လင်ဆီကို ပို့လိုက်တယ်။

ဖေ့ချန်ရောက်နေတဲ့ သဲသောင်ပြင်တစ်ဝိုက်က လူသူကင်းမဲ့ကာ ရှင်းလင်းလို့နေတယ်။

ဖေ့ချန် အဝတ်တွေကို ချွတ်ချလိုက်ပြီး ကားထဲကိုပစ်ထည့်လိုက်တယ်။ ပြီးတော့ ဟန်နီဘယ်လ်ရဲ့ခေါင်းကို ပွတ်သက်လိုက်ကာ "ဘယ်မှ လျှောက်မသွားပဲ ဒီနားမှာ ငြိမ်ငြိမ်နေခဲ့။ ငါခနလောက် ရေကူးမလို့"

မြစ်ရေပြင်ဆီကို ဖေ့ချန်လမ်းလျှောက်လာတော့ လေညှင်းတွေနှင့် လှိုင်းလုံးတွေက သူ့ကို တစ်စတစ်စရိုက်ခက်လာတယ်။ ရေနက်ထဲရောက်ခါနီးတော့ ရုတ်တရက် ဖေ့ချန်က ရေအောက်ထဲကို ငုပ်ဆင်းသွားပြီးနောက်မှာ ဆယ်မီတာကျော်ကျော်လောက်ရှိတဲ့ အဖြူရောင်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားတယ်။ ဖေ့ချန်ရဲ့ကျောမှာရှိတဲ့ အတောင်ပံနှစ်ဖက်က တဖျက်ဖျက်လှုပ်ခက်နေတာကြောင့် လှိုင်းလုံးတွေက မီတာတော်တော်များများထိမြင့်တက်ကုန်ပြီးနောက် ကြီးမားတဲ့မိုးစက်မိုးပေါက်များအဖြစ် ပြောင်းလဲကာ မြစ်ရေပြင်ပေါ်ကို သည်းထန်စွာ ကျဆင်းနေတော့တယ်။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now