၈..ငန်းမလေး နှင့် ဘဲမလေး

4K 390 1
                                    

[Unicode]

"ရှီးအာ,အမေမှားမှန်းသိပါပြီ၊သမီးကိုအရင်ကတည်းကပြောပြသင့်တာပါ၊သမီးကိုအမေက စိတ်မပူစေချင်ရုံပါ၊သမီးကအရမ်းတန်ဖိုးရှိပြီး နုနယ်လွန်းတယ်၊‌သမီးကအမေ့ရဲ့အငယ်ဆုံးလေးလည်းဖြစ်တော့ ခေါင်းလည်းမာတတ်တယ်...သမီးအဖေလိုပဲ"

သူမဖုန်းထဲတွင်အော်ပြောလိုက်သည်"အမေကသမီးကိုစိတ်မပူစေချင်ဘူးလား?!ဒါဆိုလည်း အခုကစပြီး သမီးကအမေ့သမီးမဟုတ်တော့ဘူး"

"ရှီးအာ!လျှိုရှီးရှီး"

သူမတစ်ခုခုကိုစိုက်ကြည့်ရင်းသူမအမေအားနောက်ဆုံးပြောခဲ့သောစကားများကို ပြန်သတိရရင်းနောင်တရနေသည်'အမေ့ကိုငါဘာလို့ အဲ့လိုပြောလိုက်ရတာလဲ?'

"သခင်မလေး!"

ကျင်းအာက ထိတ်လန့်သွားသည့် မျက်နှာနှင့်သူမဆီပြေးသွားလိုက်သည်။ထို့နောက် ကျင်းအာကသူမကိုရေကန်ဘေးကနေဆွဲခေါ်သွားကာသူမ၏ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းဆက်လုပ်‌ပါတော့သည်။သူ့သခင်မလေးအား ဒဏ်ရာရှ်ိမရှိ ညာကြည့်ဘယ်ကြည့် ကြည့်ကာစစ်ဆေးနေတော့သည်။

ကျွန်မကမ္ဘာမှာဆိုရင် ကျွန်မကဘာမှများများစားတော့ပိုင်ဆိုင်တယ့်သူမဟုတ်ပါဘူး။ကောလိပ်တက်စဉ်ကလည်းရည်းစားလည်းမထားခဲ့ဘူး။ဒါပေမယ့် အရွယ်ရောက်ပြီးချိန်မှာတော့ ကျွန်မမှာရှိသမျှကိုအောင်မြင်အောင် အစွမ်းကုန်ကြိုးစားခဲ့တယ်။ဒီလိုရိုးရှင်းတဲ့ဘဝလေးကိုကျွန်မ အရမ်းကျေနပ်ခဲ့တာ။

ကျွန်မရဲ့ပုံမှန်လုပ်နေကြအရာတွေက-အိပ်တယ် အလုပ်လုပ်တယ်၊netflixကြည့်တယ်၊ဒါပါပဲ။

ကျွန်မသူငယ်ချင်းတွေက‌လည်းကျွန်မရဲ့ဘ၀ကိုပျင်းစရာကောင်းတယ်လို့ပြောကြတယ်။(ဟုတ်တယ်၊ကျွန်မရဲ့လက်တွေ့ကမ္ဘာက ပျင်းစရာကောင်းတယ့်အဲ့ဒီဘ၀လေးကို ချစ်တယ်)
သူတို့ကတော့ကျွန်မအချစ်ရေးကိုရှေးရိုးစွဲကြီးလို့လှောင်ခဲ့တယ်,သူတို့ထင်နေတာကကျွန်မအထက်တန်းကျောင်းတုန်းက crushကိုမေ့မရသေးဘူးလို့ထင်နေကြလို့ပါ။

ဟွန့်,တစ်ကယ်တော့မဟုတ်ပါဘူးနော်။

ကျွန်မဘ၀မှာဘာဒရမ်မာမှမခင်းချင်သေးလို့ပါ။
ကျွန်မမှာမွေးချင်းအကြီးနှစ်ယောက်ရှိသေးတယ်၊အစ်မနှစ်ယောက်ကမျက်စိရှေ့တင်လက်ထပ်သွားပေမယ့် ဘ၀ကတော့ခက်ခဲနေတုန်းပဲ၊ကျွန်မအထင်တော့ တစ်ယောက်တည်းနေရတယ့်ဘ၀ကလည်း အဲ့လောက်ကြီးတော့မဆိုးလောက်ပါဘူး။

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now