𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟺《အတူတူရင်ဆိုင်ကြမယ်》

7.3K 1.1K 21
                                    

My Cherry Will Explode in the Apocalypse

Chapter 14

Author: Drunken Light Song
Source: Jostena M
Translator: オタク

Unicode

“ကိုယ်တို့မှာ အချိန်ဘယ်လောက်ရှိသေးလဲ? ”

ကျန့်ယွင်သည် မျက်နှာတည်တည်နှင့်မေးလာ၏။

“ရှစ်ရက်ကျန်သေးတယ် ”

စုရွေ့ကျယ် သူ့အရင်ဘ၀ကိုပြန်တွေးကြည့်လိုက်သောအခါ သူ့အကြီးဆုံးအဒေါ်နှင့်၀မ်းကွဲအစ်ကိုသည် ဖြိုဖျက်ခြင်းအကြောင်းကြားစာထွက်လာပြီး နောက်တစ်ရက်တွင်စာချုပ်လက်မှတ်သွားထိုးခဲ့ကြခြင်းဖြစ်ကြောင်း သတိရလိုက်သည်။ ပြောင်းရွှေ့ခြင်းလျှော်ကြေးငွေအား အလုပ်စပြီး သုံးရက်မှ ခုနစ်ရက်အတွင်းပေးဆောင်မည်ဖြစ်သည်။ သို့သော်လည်း သူတို့သည် ပထမဆုံးစာချုပ်ချုပ်ခဲ့ကြသော အိမ်ထောင်ဦးစီးများဖြစ်ကြသောကြောင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်သူများသည် သူတို့အားအထူးမီးစိမ်းပြကာ သူတို့အကောင့်များထဲသို့ငွေလွှဲပေးရန် သုံးရက်သာအချိန်ယူခဲ့ကြသည်။ ပိုက်ဆံရပြီး ငါးရက်မြောက်နေ့တွင် ကြောက်မက်ဖွယ်ကောင်းပြီး သွေးထွက်သံယိုပျက်ကပ်ကြီးရောက်လာခဲ့သည်။

ကျန့်ယွင် သူ့စကားများကိုကြားပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ အချိန်အနည်းငယ်သာကျန်တော့သည်ကို သူမသိလိုက်ပေ။ အကယ်၍ ဇွန်ဘီဗိုင်းရပ်စ်သည် စုရွေ့ကျယ်ဖော်ပြခဲ့သလိုသာ ရက်စက်ကြမ်းတမ်းလျှင် အမှန်တကယ်ကို သေသေချာချာ ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်သည်။ သို့မဟုတ်လျှင် သူတို့ အနာဂါတ်တွင် ခက်ခဲသောဘ၀တစ်ခုရှိလာလိမ့်မည်ဖြစ်ချေတော့သည်။

“မင်း ပစ္စည်းတွေ ဘယ်လောက်လောက် ပြင်ဆင်ထားပြီးပြီလဲ? ”

ကျန့်ယွင် စုရွေ့ကျယ်အားကြည့်လိုက်၏။

“ကျွန်တော့နေရာလွတ်ထဲမှာ အစားအစာတွေအများကြီးရှိတယ်။ ကျွန်တော်အပင်တွေကိုကြီးထွားအောင်စိုက်ပျိုးနိုင်ပြီး အစားအစာတိုက်ရိုက်ရနိုင်တယ်။ ဒါပေမယ့် အသားနည်းနည်းပဲရှိတယ်။ ကျွန်တော် ကြက်တွေနဲ့ ဘဲတွေကို၀ယ်ထားပြီးတော့ ငါးတွေကိုလည်း ငါးသားပေါက်နည်းနည်းလောက်၀ယ်ထားခဲ့သေးတယ်။ ဒါပေမယ့် အဲ့ဒီမှာ ၀က်တွေ ၊ နွားတွေနဲ့ သိုးတွေလို အမျိုးအစားကျပိုနည်းသေးတယ်။ ကျွန်တော် အ၀တ်အစားတချို့နဲ့ နေ့စဉ်အသုံးအဆောင်ပစ္စည်းတချို့လည်း ၀ယ်ခဲ့သေးတယ်”

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now