အခန်း ( ၁၅)

71.7K 7.8K 439
                                    


အဖြစ်အပျက်တွေမှာအတွင်းပိုင်းတွင်သာရှိနေတာမို့လက်ရှိအခြေနေအရမိသားနှစ်စုတိုင်ပင်ကာ၊နေသက်နွေးနှင့်ကျော်ဇေယံထွဋ်အားအိမ်တစ်အိမ်သီးသန့်ထားပေး၏။

သိုသိုသိပ်သိပ်ဖြစ်ကာလက်ထပ်ခွင့်လည်းမပြုသေးသလိုနှစ်ယောက်သား၏အခြေနေကိုလည်းအများအားချပြခွင့်မရှိသေးချေ။ အများအမြင်တွင်တော့ ကျော်ဇေယံထွဋ်အားနေသက်နွေးမှအဖော်လိုက်နေပေးသည်အဖြစ်သာ ။

သူတို့နှစ်ယောက်၏အိမ်လေးမှာပျဥ်ထောင်တစ်ထပ်အိမ်ကလေးဖြစ်ကာ၊ခြံဝန်းမှာလည်းသိပ်မကျယ်ချေ။ ခြံ၏ညာဘက်ထောင့်တွင် ပျဥ်းမပင်ရှည်တစ်ပင်ရှိကာခရမ်းရောင်ပျဥ်းမပန်းတွေကတော့လှိုင်နေအောင်ပွင့်နေချေသည်။

တောရွာ​ဒေသမို့ခြံစည်းရိုးတွေမှာအုတ်တံတိုင်းတွေမဟုတ်ပဲဝါးခြံစည်းရိုးတွေဖြစ်ကာတစ်အိမ်နှင့်တစ်အိမ်လည်းနီးနီးကပ်ကပ်ရှိလှသည်။

   " လူသစ်တွေပေါ့ "

အထုတ်တွေအိမ်ရှေ့ချလို့ ဝါးခြမ်းပြားတွေဖြင့်ယက်လုပ်ထားသော တံခါးအားချည်နှောင်ထားသည့်ကြိုးအားဖြည်နေတုန်းဘေးအိမ်မှအသံကြောင့်ကျော်ဇေယံထွဋ်ရယ်ပြကာခေါင်းငြိမ့်လိုက်ချေသည်။

  " ကြီးကြီးက ဟိုဘက်အိမ်ကရယ်။လိုတာရှိပြောနော် "

  " ကျေးဇူးပါဗျာ "

နေသက်နွေးကတော့ဘေးတွင်ကျောက်ရုပ်လေးလိုရပ်ကာစိမ်းသက်သက်ပတ်ဝန်းကျင်အားလေ့လာနေ၏။ ကမ်းပါးတွေနှင့်အတော်လေးဝေးသော်လည်း အဆုံးမရှိသောချောင်းရိုးမကြီးအားအတိုင်းသားလှမ်းမြင်နေရလေသည် ။

   " ဆေးရုံနဲ့ တော်တော်လေးဝေး​တာပဲ။လမ်းခရီးကတော့လွယ်ပါတယ် "

ရှမ်းကျင်မှာသာမာန်တောမြို့လေးဖြစ်သော်လည်းစီးပွားရေးအချက်အချာကျသောမြို့ဖြစ်တာကြောင့်လူချမ်းသာတွေပေါများ၏။

ရေအားလျှစစ်စက်ရုံတည်ရှိရာမြို့ဖြစ်တာကြောင့်လျှပ်စစ်မီးစတင်ရရှိရာမြို့လည်းဖြစ်ချေသည်။

" မင်းဗိုက်ဆာပြီလား ။ လျှပ်စစ်ကတော့သုံးမရသေးဘူးထင်တယ်။ဒီနေ့တော့အပြင်မှာထွက်စားရအောင်လေ "

နေရောင်ခြည်လို   နွေးWhere stories live. Discover now