Chapter(352) - အေျမာက္အမ်ားဝယ္ယူ

2.7K 618 9
                                    

Unicode

အခန်း(၃၅၂) - အမြောက်အများဝယ်ယူ

ယန်ထျန်းဟန်နဲ့ လင်ရွှမ်းဇီတို့ကတော့ ပြင်ပကမ္ဘာမှ အခြေအနေများကို ဘာမှမသိကြပေ။ သူတို့က လောလောဆယ်မှာ ဝိညာဉ်အာသာသ နေရာမှာသာ ဝင်နေကြသည်။

တစ်လဆိုတဲ့ အချိန်တိုလေးအတွင်းမှာ မြက်မျိုပိုးကောင်များက မြေဆယ်ဧကစာလောက်ကို ရှင်းလင်းပြီး ဖြစ်တာကြောင့် ဝိညာဉ်ပင်များအား စနစ်တကျ စိုက်ပျိုးနိုင်နေလေပြီ။

ယန်ထျန်းဟန်ကမြေသြဇာကွင်းထဲကို ဆင်းသွားပြီး ခါးကိုင်းကာ မြေဆီလွှာအား ထိကြည့်လိုက်သည်။ သူက လျှာမသပ်ပဲ မနေနိုင်တော့.

"အကိုကြီး, မြေဆီလွှာက တကယ်ကြွယ်ဝတာပဲ, အထဲကနေ လျှံထွက်လာတဲ့ ဝိညာဉ်ချီတွေကိုတောင် ခံစားလို့ရနိုင်တယ်"

လင်ရွှမ်းဇီက ယန်ထျန်းဟန်ရဲ့ အနောက်မှာ ရပ်နေခြင်း။

"ဒါပုံမှန်ပဲလေ, နှစ်ထောင်ပေါင်းများစွာမှာ ဝိညာဉ်ပြားထဲက အာကာသက ကျောက်တုန်းတုတွေ ဝိညာဉ်ကျောက်တုန်းတွေနဲ့ အာဟာရ ဖြည့်တင်းထားခဲ့တာ, မြေရဲ့ တစ်လက်မဆီတိုင်းက ဝိညာဉ်ချီတွေ သယ်ဆောင်ထားတာမို့လို့ ပြင်ပနဲ့တော့ ဘယ်လိုမှ ယှဉ်မရဘူးလေ, မဟုတ်ရင် ဝိညာဉ်ပင်တွေက ဘယ်လိုလုပ် ဒီလောက်မြန်မြန် ကြီးထွားလာနိုင်မှာလဲ"

ဖြစ်ချင်တော့ အရင်တစ်ခေါက်က ယန်ထျန်းဟန် အစေ့ချခဲ့သည့် ဝိညာဉ်ပင်စေ့များသည်လည်း အခုချိန်မှာ ကြီးထွားနေပြီဖြစ်သည်။ နှစ်ရက်သို့မဟုတ် သုံးရက်အတွင်း ရိတ်သိမ်းပြီး အသုံးပြုလို့ ရနိုင်ပေသည်။ ဒါ့အပြင် ဝိညာဉ်ပင်များရဲ့ အရည်အသွေးအပေါ် ကြည့်ရရင် ထိုအပင်များက အပြင်ဘက်မှ ဝိညာဉ်ပင်များထက် သေချာပေါက် မနိမ့်ပါးပေ။ အကယ်၍ ၎င်းတို့ကို ဆေးထဲကိုထည့်တာဖြစ်ဖြစ် ဆေးလုံး သန့်စင်တာဖြစ်ဖြစ် လုပ်လိုက်မယ်ဆိုရင် သေချာပေါက် ဆေးဝါးသို့မဟုတ် ဆေးလုံးရဲ့ အဆင့်ကို တိုးသွားစေလိမ့်မည်။

ဒါကိုမြင်တော့ ယန်ထျန်းဟန်က အပျော်လွန်နေရှာတော့သည်။ သူက အပြင်ဘက် ဝိညာဉ်ပင်စိုက်ခင်းထဲက ရှားပါး ဝိညာဉ်ပင်မြောက်မြားစွာကို အမြန်အဆန် စုဆောင်းလိုက်ပြီးမှ ဝိညာဉ်ပြားထဲမှာ ပြန်လည်စိုက်ပျိုးလေသည်။ အရှိန်ပြင်းပြင်းနဲ့ အမြောက်အမြား ထုတ်လုပ်ဖို့ သူ မစောင့်နိုင်တော့ဘူး။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now