၁၀..သူမ၏မျက်၀န်း

4.2K 415 3
                                    

[Unicode]

စုရှင်းသင်ခန်းစာရသွားသည်၊ဝတ္ထုထဲတွင်မည်သည့်အရာမှဝင်ရောက်စွက်ဖက်ခြင်းနှင့် ပြောင်းလဲခြင်းအားခွင့်မပြုနိုင်တော့ပေ။

မဟုတ်ရင် ကိစ္စအားလုံးပျက်စီးသွားမယ်ဆိုတာသူမသိလိုက်သည်။

လွန်ခဲ့သောငါးနှစ်က သူမဝင်ရောက်စွက်ဖက်မှုကြောင့် ပိုင်မဲ့လီအား ယန်ယီဘုရားကျောင်းသို့သွားမည့်ခရီးကိုရွှေ့ဆိုင်းရန်တောင်းဆိုခဲ့သည်။ရလဒ်အနေနှင့်ပိုင်မဲ့လီကံကြမ္မာရောသူမပတ်ဝန်းကျင်ကလူတွေကိုပါပြောင်းလဲစေခဲ့သည်။

ပိုင်မဲ့လီသည် ယန်ယီ ဘုရားကျောင်းသို့သွားရာလမ်းတွင် ရထားလုံးမတော်တဆမှုကြောင့်သေဆုံးသွားရမည်ဖြစ်သည်၊အဲဒီတုန်းက သူမထင်ရာစိုင်းခဲ့သည်၊ရိုးရှင်းလွန်းသောစိတ်နှင့်စိတ်ပျော့လွန်းပြီးအသက်ကယ်မည်ဟုသာတွေးလိုက်မိသည်။

ပ်ိုင်မဲ့လီနှင့်အပြစ်မဲ့ဘ၀နှစ်ခုကို အလဲအလှယ်လုပ်လိုက်ရမှန်းမသိခဲ့ချေ။

ပိုင်မဲ့လီမသေတော့ဘဲ နှစ်ပတ်အကြာတွင်မင်လဲ့သည် ကိတ်တစ်ခုခိုးယူသည့်အတွက်ပိုင်မဲ့လီသည် မင်လဲ့နှင့်သူမ၏မိခင်ကိုဂေဟာနီသို့ပို့ရန် အမိန့်ပေးခဲ့သည်၊မင်လဲ့တို့သားအမိသည်လည်း ထိုဂေဟာနီတွင်မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ကြသည်။

ဝတ္ထုထဲတွင် ပိုင်မဲ့လီသေဆုံးပြီးနောက် အိမ်တွင်းရှိ အစေခံများအားရက်စက်ကြမ်းကြုတ်မှုများရပ်တန့်သွားခဲ့သည်၊မင်လဲ့တို့သားအမိလည်း ငတ်မွတ်မှုကြောင့် မုန့်ခိုးစရာမလိုတော့ပေ။မင်လဲ့သည်လည်း မကြာခင်တွင်ချစ်ရသူတွေ့ကာ လက်ထပ်ထိမ်းမြားလိုက်ကြမည်ဖြစ်သည်။ ခင်ပွန်းသည်လည်း မျိုးရိုးမြင့်မိသားစုထဲမှဖြစ်၍ သူမနှင့်သူမ၏မိသားစုအစေခံဘဝမှ လွတ်မြောက်ကာတစ်သက်လုံးပျော်ရွှင်စွာ နေထိုင်သွားရမည်ဖြစ်သည်။

ပြီးတော့ငါ...အဲ့တာတွေအကုန်လုံးဖျက်စီးလိုက်မိပြီ၊ သူမဘဝ၊သူမရဲ့ ပျော်ရွှင်မှု၊သူမရဲ့လွတ်လပ်ခွင့်။

သူတို့..သူတို့မသေသင့်ဘူး၊သူတို့က လူကောင်းတွေပါ၊သူတို့ကငါ့အတွက်လူကောင်းတွေပါ။

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now