Part 18(Uni+zawgyi)

5.4K 247 6
                                    

Uni

🎶🎼🎵  မြူးကြွတဲ့​တေးသံပျံ့လွင့်လို့​နေကူး​ပြောင်းစ တန်ခူး​လေမှာ ....
တ​စ်ယောက်တလှည့်မို့လှမ်းကာဖျန်းပတ်ကြစဥ်.....
ပိ​​တောက်ဖူး​လေး​တွေပန်ဆင်ထားသူ​ရေ
​ခေါင်းက​လေး​မော့လို့ ပိ​တောက်ဖူး​လေး​တွေပန်ဆင်ထားသူ​လေ ....  🎼🎵🎶

မနက်ခင်း​လေးမှာ ကြားလိုက်ရတဲ့သီချင်းသံနဲ့ တိုက်​နေတဲ့တန်ခူး​လေ ​လေး​ကြောင့် ​ခေတ်ရင်ထဲမှာ သင်္ကြန်ကို ​တွေးမိသွား​သည်။

သင်္ကြန်​ရောက်ဖို့ နီးလာပြီဆို​တော့ အလုပ်​တွေကလည်း အရမ်းများ​နေ​သည်။ ဒီအချိန်က အလှူ ၊မင်္ဂလာ​ဆောင်နဲ့​တောင် အလုပ်များ​နေတာ သင်္ကြန်အတွက် ပါဆို​တော့ အားလုံးမနားရ။
သင်္ကြန်ဆိုတာ ​ခေတ်နဲ့ မဆိုင်ခဲ့တာ ကြာပါပြီ။ သင်္ကြန်တွင်းဆို ​ဖေ​ဖေနဲ့​မေ​​မေဆီပြန်ပြီး​​တော့ တရားစခန်းဝင်ဖြစ်သည် ။ ​နှစ်တိုင်းခေတ် လုပ်​နေကြပါ ။ ဒီနှစ်​တော့ ​မောင် က ​ခေတ်ကိုပါ သူနဲ့အတူ သင်္ကြန်မှာရှိ​စေချင်သည်။ ​ခေတ် တရားစခန်း သွားမှာကို ​မောင်က မတား​ပေမယ့် ​မောင့်မျက်နှာမ​ကောင်းတာ သိ​တော့ မောင့် အတွက် သင်္ကြန်ရန်ကုန်မှာ ​နေ​ပေး လိုက်မယ်​လို့ဆုံးဖြတ်လိုက်သည်။ သင်္ကြန်ပြီးမှပဲ​နေပြည်​တော်ပြန်ပြီး ​ဖေ​ဖေနဲ့​မေ​မေ ကိုကန်​တော့ ​တော့မည်။

"ရွှတ်...... ဘာ​တွေ​တွေး​နေတာလဲ​မောင့်​ခေတ်​လေး "

Breakfast လာစားတဲ့​မောင် က ​ခေတ်ကို နမ်းရင်းစကားဆိုလိုက်၏။​

​"မောင့်အ​ကြောင်း "

"ဝါးးး ​မောင့်ကို အလုပ်မသွားနိုင်အောင် ​ချွေချ​နေတာပဲ ၊ ဒီ​နေ့ ​ခေတ်​လေး အနားပဲ​နေ​တော့မယ် ၊ ဘယ်မှမသွား​တော့ဘူး "

"ပိုပြီ ​မောင်က​တော့"

တကယ်​ပြောတာ ဆိုပြီး ​မောင်က ​ခေတ် ကို အတင်းလိုက်ဖက် ကာ နမ်း​​နေ​တော့သည်။ မနက်စာ ပြင်​​နေတဲ့​ခေတ် က လက်မအားတာနဲ့ ​မောင့်ကို မ​ရှောင်နိုင်ပါ ။

​"မောင့်!!!​တော်ပြီမနက်စာ စားရ​အောင် "

"ဟုတ် "

Forever Together  (Completed)Where stories live. Discover now