၁၁..ခေါ်ဆောင်သွားခြင်း

4.2K 432 9
                                    

[Unicode]

"ကပွဲပြီးသွားပေမယ့် မင်းသမီး ချူရဲ့ပြောင်မြောက်တဲ့အကအရည်အချင်းတွေကို‌အခုထိမေ့လို့မရသေးဘူး"

"ဘာကပြောင်မြောက်လို့လဲ?ယောက်ျားတွေကို ဖျားယောင်းနေတာများ"

"ဖျားယောင်းတယ်?"ပိုင်စုရှင်း အံ့ဩသွားသည့် အမူအရာဖော်ပြလိုက်သည်။

"အဲဒီရိုင်းစိုင်းတဲ့ မင်းသမီးကအခုတော့သနားစရာကောင်းတဲ့သာမန်လူတစ်ယောက်ပဲလေ၊ငါတို့ရဲ့ စိတ်နှလုံးသားဖြူစင်တဲ့မိန်းကလေးပိုင်နဲ့ဘယ်ယှဉ်လို့ရပါ့မလဲ"လီချာကသရော်ပြုံး ပြုံးလိုက်သည်။

သူမတို့ပြောနေစဉ်ပင် အနီးနားမှရယ်မောသံအချို့ရုတ်တရက် ကြားလိုက်ရသည်။

"အဲဒီကဘယ်သူတွေလဲ?!"

လီချာရဲ့အစေခံတွေထဲကတစ်ယောက်မှ တီးတိုးလေးပြောလိုက်၏။"အဲ့ဒါက မင်းသမီးပြောတယ့်သာမန်လူတစ်ယောက်ပါ"

ချူ၀မ်၀မ် နှင့်သူမ၏အစေခံများ ပိုင်စုရှင်းတို့အားမြင်သောအခါ နှုတ်ဆက်လိုက်ကြသည်။သူကအခု သာမာန်လူတစ်ယောက်ပဲကိုအစေခံရှိတာလား?ဒါက နန်းတော်ထဲတွင်သူမရဲ့မခံမရပ်နိုင်ဖြစ်နေတယ့်အနေအထားကို ပြသလိုက်ခြင်းဖြစ်သည်။

"လျိုယန်မင်းသမီးကို နှုတ်ခွန်းဆက်သပါတယ်"

ချူ၀မ်၀မ်သည် လှပသောပန်းနုရောင်၀တ်စုံကို ၀တ်ဆင်ထားသည်၊သူ့အဝတ်အစားက သူမလိုအမတ်ချုပ်တစ်ယောက်သမီး၏အ၀တ်အစားနှင့်
မထူးမခြားနားပင်။

လီချာကရှေ့သို့လျှောက်လာပြီးပါးရိုက်လိုက်တော့သူမအေးခဲသွားသည် "ဟွန့်,နင်ကအင်ပါယာမင်းသမီးကိုတွေ့ရင် ဘယ်လိုနှုတ်ဆက်ရမယ်ဆိုတယ့်ထုံးတမ်းစဉ်လာလေးတောင်မသိဘူးလား?"

"မိန်းကလေးချူ,မိန်းကလေးချူပြောရမှာက'ဒီမိန်းကလေးချူ၀မ်၀မ်က လျိုယန်မင်းသမီးကို နှုတ်ခွန်းဆက်သပါတယ်လို့ပြောရမှာလေ"ပိုင်စုရှင်းသူမကိုသတိပေးလိုက်သည်။

အမျိုးသမီးဇာတ်ဆောင်က သူမသွားတွေ အံကြိတ်ကာစိတ်တိုနေပုံရပြီး"ဒီမိန်းကလေးချူ၀မ်၀မ်က လျိုယန်မင်းသမီးကိုနှုတ်ခွန်းဆက်သပါတယ်"

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now