Chapter - 17 (Part 2)

483 81 2
                                    

Unicode

အစ်ကိုအကြီးဆုံးက ငါတို့ရဲ့ဘေးနားမှာရှိတဲ့ မြို့လေးမှာ ရေပူစမ်းရှိတဲ့​နေရာတစ်ခုကိုဝယ်ပြီး အဲ့မြေပေါ်မှာ ရေပူစမ်းအပန်းဖြေစခန်းတစ်ခုကို တည်​ဆောက်ခဲ့တယ်။ အဲ့စခန်းက နောက်လထဲမှာ ဖွင့်တော့မှာဖြစ်တဲ့အတွက် ဒီလမှာ​တော့ မိသားစုနဲ့, ရင်းနှီးတဲ့သူငယ်ချင်းတွေအတွက် ပထမဆုံး အသုံးပြုမှာဖြစ်တယ်။

သခင်ကြီး​ကျောင်းစီက သိုက်သိုက်ဝန်းဝန်းနဲ့ သက်ဝင်လှုပ်ရှား​နေတာကို နှစ်သက်တဲ့အတွက် မိသားစုဝင်အားလုံးကို ​ခေါ်​ဆောင်ပြီး ဟိုတယ်သို့ ခရီးထွက်ခဲ့ကြတယ်။ အဲ့အပြင် သူဟာ အတိတ်က မကျေမနပ်မှုများကို ပယ်ဖျောက်ပြီး ​ကျောင်းကုန်းဇီနဲ့ ငါ့ကိုပါ ပါဝင်​စေဖို့အတွက် ဆဌမမြောက်သခင်မ​လေးကို ခိုင်း​စေခဲ့တယ်။

ဒါပေမယ့် ​ကျောင်းကုန်းဇီကတော့ ထုံးစံအတိုင်း တခြားသူတွေရဲ့ ကြိုးစားအားထုတ်မှုကို မနှစ်သက်ဘဲ မသွားချင်ဘူးဖြစ်​နေတယ်။ သူဟာ အမြဲတ​စေ အခြားသူ​တွေဆီက​နေ ခွဲထွက်​နေတုန်းဖြစ်ပြီး ငါ့ကိုလည်း လူတိုင်းကို သူနှင့်အတူ ရှောင်ရှားဖို့ တောင်းဆိုခဲ့တယ်။ ဒါကြောင့် သူနှင့်ငါ့ကို လူတိုင်းက အချိန်အတော်ကြာအောင် ရှောင်ရှားနေခဲ့ကြတာဖြစ်တယ်။

ဒီအကြောင်းပြချက်ကြောင့်လားဆိုတာ မသိရသေးပေမယ့် ဆဌမမြောက်သခင်မ​လေးက တယ်လီဖုန်းနဲ့ တွေ့ဆုံဖို့ပြောတဲ့အချိန်ဟာ တကယ့်အချိန်ထက် သုံးနာရီလောက် နောက်ကျ​နေခဲ့တယ်။

​ကျောင်းကုန်းဇီနဲ့ငါ ပင်မဆောင်ကို ရောက်တဲ့အချိန်မှာ ဝိညာဉ်တစ်​ကောင်ကို​တောင် မမြင်ရဘူး။

ကျောင်းကုန်းဇီက ငါ့ကို ကျိန်ဆဲတယ်, "​သေလိုက်ပါ​တော့, ငါ့အဖေဆီက​နေ ထပ်ပြီး အဆူခံရတော့မယ်, မင်းကို​ ကျွေး​မွေးထားတာ ဘာအကျိုးရှိလဲ!"

"မင်းက ဆဌမမြောက်သခင်မ​လေးပြောတဲ့ အချိန်ကို ရည်ရွယ်ချက်ရှိရှိ မမှတ်ထားတာ​လေ, ငါ့ဆီ လာမလွှဲချနဲ့"

​​ကျောင်းကုန်းဇီက ငါ့ကို ​အော်တယ်, "​လောင်ဇီက အဲ့လိုမလုပ်ဘူး!"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now