Chapter 130

25.2K 3.5K 140
                                    

Unicode

Couple Suit ဝတ်ပြီး ကော်ဇော်နီပေါ်အတူတူလျှောက်ရအောင်
________________________________

နိုဝင်ဘာ၂၆ရက်နေ့မှာ ကျင်းကွေ့ဆုပေးပွဲမှ စကာတင်ဝင်သည့်စာရင်းတွေကို တရားဝင် ကြေငြာခဲ့သည်။ 《 လမ်းမှားခြင်း 》ဇာတ်ကားကတင် ဆုလေးဆုစကာတင်ဝင်ခဲ့ကာ ထိုလေးဆုမှာ အကောင်းဆုံးဓာတ်ပုံဆု၊ အကောင်းဆုံးဇာတ်ညွှန်းဆု လျို့မုန်၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ကျန်းမော့ချန် နှင့် အကောင်းဆုံး လူသစ်သရုပ်ဆောင်ဆု ယန်းချင်းချီတို့ဖြစ်သည်။ တစ်နေ့ထဲမှာပဲ ဖုမင်ကျီးစတူဒီယိုကလည်း သူမဇာတ်ကားသစ်ရဲ့ ခေါင်းဆောင်မင်းသားက ယန်းချင်းချီဟု တပြိုင်နက်တည်းကြေငြာခဲ့လေသည်။

ယန့်မိုက်တို့မှာ တနေ့ထဲနဲ့သတင်းကောင်းနှစ်ခုကြားလိုက်ရတာကြောင့် သူတို့ရဲ့စိတ်လှုပ်ရှားမှုတွေကို ဖော်ပြဖို့ စကားလုံးတောင်မစီနိုင်တော့ပဲ 'အားးးးအားးးးအားးး' ဟုသာ ပျော်ရွှင်စွာအော်ဟစ်နိုင်တော့သည်။

[ ကျင်းကွေ့မှာစကာတင်ဝင်တဲ့အပြင်ကို ဖုမင်ကျီးဇာတ်ကားသစ်မှာ ဇာတ်လိုက်မင်းသား? ဒါကြီးကအစစ်လို့ တစ်ယောက်ယောက်ပြောပေးကြစမ်းပါ ဝူးဝူးဝူး ကောကော အရမ်းမိုက်တာပဲ! ]

[ မနက်ကနိုးနိုးချင်း သတင်းကြည့်လိုက်တော့ စကာတင်ဝင်တယ်ဆိုတဲ့သတင်းကြီးက စောင့်မျှော်နေတယ် ငါ့မှာ အံ့သြလို့တောင်မဝသေးဘူး နေ့လည်ကျ နောက်ထပ်အံ့သြစရာသတင်းတစ်ခုကဆီးကြိုနေပြန်ရော မိုးနတ်မင်းကြီးရေ ဒီယုံကြည်သက်ဝင်သူလေးက တစ်လတိတိသက်သတ်လွတ်စားပါ့မယ် ကောကောဆုရအောင်လုပ်ပေးပါ ]

[ ငါ့ကောကောသာဆုရမယ်ဆို တစ်နှစ်လုံးအသားမစားရလည်းဖြစ်တယ်ဟေ့! ]

[ ကဲပါ Low keyလေးနေကြရအောင် Low keyလေး စကာတင်ဝင်တာနဲ့တင် တော်တော်ပျော်ဖို့ကောင်းနေပါပြီ ဆုရရမရရ ငါတို့ကောင်လေး ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ သက်သေပြနေတာပဲ ]

[ အမှန်ပဲ စကာတင်ဝင်လိုက်ပြီဆိုကတည်းက ငါတို့ကောကောအောင်မြင်နေပြီလို့ ပြောတာနဲ့အတူတူပဲ ]

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now