RVTIACF chapter-(20)

3.1K 478 15
                                    

CHAPTER-(20)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

တခြားသူဖုန်းချသွားတာကို ပြသတဲ့ "beep beep" ဆိုတဲ့အသံကိုကြားတဲ့အခါ သူဖုန်းကိုမြေကြီးပေါ် ပစ်ပေါက်လိုက်သည်။ သူ့ရဲ့ရုတ်တရက်အပြုအမှုက ဒရိုင်ဘာကို ထိတ်လန့်သွားစေပြီး ကားကိုမြွေလိမ်မြွေကောက်သဖွယ် ယိမ်းထိုးသွားစေသည်။

ဒရိုင်ဘာလည်း ကားကိုချက်ချင်း ဘေးချရပ်လိုက်တော့သည်။ ထို့နောက်ယိချန် မြေကြီးပေါ်ပေါက်လိုက်တဲ့ ဖုန်းကိုကောက်ပြီး သူ့ဖုန်းအခြေအနေကိုစစ်ဆေးလိုက်ကာ ဒေါသသကြီးပြောလေသည်။

"မင်းရူးနေလား? ငါကတော့မင်းကို ထောက်ထားပြီးဖုန်းငှားလိုက်တာ....မင်းကတော့.."

"ကျွန်တော် အလျော်ပေးမယ်!"

ယိချန်ဒရိုင်ဘာဆီ ငွေငါးထောင်လွှဲလိုက်သည်။ ထို့နောက် သူစိတ်မရှည်စွာကားတံခါးကို တွန်းဖွင့်ပြီး အပြင်ထွက်သွားတော့သည်။

ဒရိုင်ဘာက သူ့နောက်မှမပျော်မရွှင် ရေရွတ်လိုက်၏။

"မင်းကချမ်းသာတာနဲ့ပဲ ငါ့ထက်သာတယ်လို့ ထင်နေတာလား? မင်းမှာယဥ်ကျေးမှုကို မရှိဘူး!  ဘယ်လိုအရူးပါလိမ့်?"

ယိချန်အေးစက်စက်မျက်နှာထားဖြင့် လမ်းဘေးကိုလျောက်လာရင်း သူ့စိတ်မှာတော့ ချူရှောင်းပစ်ပေါက်ထားတဲ့ မနှစ်သက်ဖွယ်စကားလုံးတွေနှင့် ပြည့်လျက်။ ပိုင်ရွယ်ဝေ့နဲ့ ချိုမြိန်တဲ့မှတ်ညဏ်တွေကို ချူရှောင်းက ညစ်ပတ်မှုလို့သမုတ်၏။ ချူရှောင်းကိုသတိရမိတိုင်း "အမှိုက်" ဆိုတဲ့စကားက သူ့စိတ်ထဲမှာကျိန်စာတစ်ခုသဖွယ် ပဲ့တင်ထပ်လျက်သာ။

သူ့ကိုစကားတွေနဲ့စော်ကားနေတုန်းမှာ ချူရှောင်းသာဒေါသထွက်နေရင် သူ့အဲ့လောက်ထိစိတ်တိုမှာ မဟုတ်။ ဘာလို့ဆိုရန်ဖြစ်ချိန်တိုင်း လူတွေတစ်ဦးကိုတစ်ဦးပုတ်ခတ်တာ သဘာဝပင်။ သူလည်းအဲ့လို လုပ်မိမည်ကိုသိသည်။

ချူရှောင်းကသူ့ကို ယုံကြည်မှုရှိရှိတည်တည်ငြိမ်​ငြိမ်နဲ့ "အမှိုက်"လို့ခေါ်တော့ သူမကအမှန်တရားတစ်ခုကို ပြောပြနေသယောင်။ ချူရှောင်းက သူ့ကိုအမှိုက်လို့တွေးနေသည့် အဓိပ္ပါယ်​ဖြစ်၏။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now