ep-16

15.6K 463 24
                                    

🌺💥  ဦးရဲ့မယားကျွန် 💥🌺
part - 16.....

" ဒါက ခင်ဗျားတို့လိုအပ်တဲ့နေရာမှာ
သုံးဖို့ "

ရာဇာချပေးတဲ့ပိုက်ဆံတစ်ထပ်ကို
ဒေါ်မော်မော်တို့သားမိကြည့်နေသည်မှာ
မျက်စိပင်ကျွတ်ကျမတတ်ပင်..

" ဒီရက်ပိုင်းတွေမှာကျုပ်ဇနီးကျန်းမာရေး
ခြူချာနေတာမို့လို့ ဦးမိုးကောင်းရဲ့
နာရေးကိုမသိလိုက်တာ"

" ရပါတယ်..သူဌေးလေးရယ်
ပြောစရာလူတွေမှမဟုတ်တာ
ဒေါ်ဒေါ်တို့နားလည်ပါတယ်ကွယ်အဟင်းဟင်း"

ပိုက်ဆံမြင်တော့
မျက်နှာတမျိုးပြောင်းသွားတဲ့
ဒေါ်မော်မော်ကိုအနီးနားမှာရှိတဲ့
လူတွေကမျက်နှာမဲ့ကြလေသည်။
ခေါင်းငုံ့ကာတရှုံ့ရှုံ့ငိုနေတဲ့
သူမကျောလေးကိုရာဇာပွတ်သပ်ပေးရင်း..

" အားလုံးပြီးပြီဆိုတော့
ကိုယ်တို့ပြန်ကြမယ်လေ ခါး"

ခါးခေါင်းလေးမော့ကာ
မျက်ရည်များသုတ်ရင်း
ဒေါ်မော်မော်ကိုကြည့်ရင်း

"ဖေဖေဆုံးတုန်းကမလာနိုင်ခဲ့လို့
ခါးတောင်းပန်ပါတယ်မေမေမော်..
ခါးတကယ်မသိခဲ့လို့ပါ"

" ရပါတယ်သမီးရယ် မသိလို့ပဲ
မေမေဗွေမယူပါဘူးကွယ်.အဟင့်.
စိတ်မကောင်းတာတခုက
သမီးဖေဖေကလေ သူသေခါနီး
သမီးကိုသိပ်တွေ့ချင်သွားရှာတာ..
အမလေး ကိုမိုးကောင်ရေ...
ရှင့်တွေချင်နေတဲ့ရှင်သမီးလာပြီလေ
ထကြည်ပြာအုံး..အဟီး.ဟီး
သူကနှုပ်ကလဲတဖွဖွပြောသွားသေးတယ်
မေမေတို့ကိုအားမငယ်နဲ့
သမီးဒီနွေခါးလေးကစောက်ရှောက်လိပ်မယ်တဲ့..
ဟီး..ကျမတို့သားမိဘယ်လိုနေရမှာလဲ
ကိုမိုးကောင်းရဲ့..ယောကျာ်းသား
မရှိတဲ့ဟော့ဒီအိမ်စုတ်လေးမှာဘယ်လိုနေရမှာလဲ"

ဒေါ်မော်မော်တယောက်
အသံဆိုးကြီးနဲ့ညှစ်ကာ
မျက်ရည်တုတွေနှင့်ခုနှစ်အိမ်ရှစ်အိမ်ကြား
ငိုယိုနေလေသည်။
စိတ်အားငယ်သူအရိုးခံမလေး
ဒီနွေခါးကတော့ဒေါ်မော်မော်ဆင်နေတဲ့
အကွက်တွေကိုမသိပဲ
ငိုလေသည်။
ရာဇာသူမကိုချော့မော့ကာ
အိမ်သို့ပြန်ခေါ်လာခဲ့လေသည်။
သူတို့အိမ်မှာအတင်းညအိပ်ခိုင်းနေတဲ့
ဒေါ်မော်မော်တို့ဘယ်လိုအကြံဆိုးတွေရှိမလဲ
ဆိုတာမသိပေမဲ့လူရည်လည်တဲ့
ရာဇာတယောက်ကတော့စကားကိုခပ်ပြတ်ပြတ်
ပြောကာပြန်လာခဲ့လိုက်သည်။

ဦးရဲ့မယားကျွန်(Completed)Where stories live. Discover now