If only you were in my place......❄️(17)

12.9K 198 3
                                        

Unicode.......

If only you were in my place ......

Ep 17

မနက်မိုးလင်းတော့ Bellaမထနိုင်ခဲ့
Silasက သူမရဲ့အသားကိုထိအိပ်တာဖြစ်တာကြောင့်
ညလယ်ခေါင်လောက်ကသူမအသားပူလာမှန်းသူသိခဲ့သည် ထို့ကြောင့်လဲလန့်နိုးလာခဲ့သည်
အိပ်ချင်မူးတူးနဲ့သူကြည့်လိုက်ပေမဲ့ Bellaဖျားနေမှန်း
သူသိသည်
ချွေးစီးတွေပြန်ပြီး တဟင်ဟင်နဲ့တုန်နေသည်က
သူ့ကိုဘာလုပ်ရမှန်းမသိ ထိတ်လန့်စေသည်
ချက်ချင်းဆိုသလို ရေချိုးခန်းထဲသွားကာ
ရေဇလုံနဲ့သပတ်တခုကိုယူလာတော့သည်
သပတ်ကိုရေထဲစိမ် ရေပြောင်အောင်ညစ်ရင်း
Bellaနဖူးနဲ့ တကိုယ်လုံးကချွေးတွေကိုသုတ်ပေးနေတော့သည်
Bella အသိရှိပေမဲ့ မျက်လုံးတောင်ဖွင့်မရနိုင်
လူတကိုယ်လုံးကနုံးကာ အိပ်ချင်နေတော့သည်
အဝတ်တွေပါစိုနေတာကြောင့် သူလဲပေးရပြန်သည်
ဒီတခါတော့ပါးလွှာပြီးသက်တောင့်သက်သာရှိတဲ့အဝတ်ကိုဝတ်ပေးကာ စောင်ခြုံပေးထားလိုက်တော့သည်
အဖျားက တက်လိုက်ကျလိုက်နဲ့ မတည်မငြိမ်ဖြစ်နေတာကြောင့် Silas တညလုံးမအိပ်
ရေပတ်တိုက်ပေးလိုက်နဲ့ အဝတ်စိုလာရင်လဲပေးလိုက်လုပ်နေတာက သူအစိုးရိမ်လွန်နေမှန်းသိသာလွန်းသည်

'နိုးလာပြီလား'
Bellaရဲ့မျက်လုံးလေးပွင့်လာတော့ သူမပါးကိုပွတ်ကာ
မေးလိုက်တော့သည်

'အင်း........ ဘယ်နှနာရီတောင်ရှိနေပြီလဲ'

'မထနဲ့ ဆက်အိပ် ဒီနေ့တော့ကုတင်ပေါ်မှာပဲနေ
ငါခွင့်ပြုတယ်'
ထဖို့လုပ်နေတဲ့ Bellaကို ကုတင်ပေါ်ပြန်ပစ်လှဲကာ
အနမ်းပေးပြီးပြောလိုက်တော့သည်

'ဒါပေမဲ့..... သခင်ကြီးတယောက်ထဲအဆင်ပြေပါ့မလား'

'ငါလဲဒီနေ့ဘာမှမသွားဘူး မင်းဘေးနားမှာနေမှာ'

'အလုပ်မလုပ်ဘူးလား'

'အင်း မလုပ်တော့ဘူး အဲ့အစားမင်းကိုစောင့်ရှောက်ပေးမှာ'

'သခင်ကြီးအရမ်းကြိုက်တဲ့အလုပ်ကိုတောင် မလုပ်တော့ဘူးဆိုတော့ နေမကောင်းဖြစ်ရတာ တန်သားပဲ'

'အဲ့လိုမပြောပါနဲ့ မင်းအနားမှာနေစေချင်ရင်ငါနေပေးမယ် အဲ့တာကြောင့်နေမကောင်းမဖြစ်နဲ့'

If Only You were In My Place...... ❄ (Complete 🔞)Donde viven las historias. Descúbrelo ahora