အခန်း ၁၂.၁ ရန်မစတာ ကောင်းမယ်

4.1K 510 8
                                    



သူတို့ တိုက်ခန်းကိုရောက်တော့ ချင်းကျင်းက ယောင်ယောင်က ရေချိုးခန်းထဲ အတင်းဝင်ခိုင်းတော့သည်။

ချင်းကျင်း တက္ကသိုလ်ကနေ ဘွဲ့ရတော့ တစ်ယောက်နေ တိုက်ခန်းလေးကို ငှါးခဲ့တာ အိပ်ခန်းတစ်ခု မီးဖိုချောင် ဧည့်ခန်း နဲ့ရေချိုးခန်း ပြီးတော့ လသာဆောင်လည်းပါသေးသည်။ မီတာ အနည်းငယ်လောက်ပဲကျယ်ပေမယ့် တစ်ယောက်တည်းနေတဲ့ ယောက်ျာ်းလေးအမြင်နဲ့ကြည့်မယ်ဆို ဒီလို တိုက်ခန်းမျိုးက ပြည့်စုံနေပြီလေ

သူ ပိုက်ဆံရှာပြီးတော့ ဒီတိုက်ခန်းကို ဝယ်လိုက်တော့တာပဲ အလုပ်ကို နာရီဝက်လောက် ဒီကနေ သွားရရင်တောင် သူပြောင်းဖို့ တစ်ခါမှမတွေးဖူးဘူး

ယောင်ယောင်အတွက် အဆင်ပြေသည်လေ ဆယ်မိလောက်က ကျ သူမအတွက်ဝေးတာမှ မဟုတ်တာ တက္ကသိုလ်တက်နေရင်း ပိတ်ရက်တွေ အိမ်မပြန်ချင်ရင်လည်း ဒီမှာနေလို့ရသည်လေ

ယောင်ယောင်ကရေချိုးကာ သူမ တဘကပတ်ပြီးထွက်လာတော့ ချင်းကျင်းကိုမမြင် ဒါမဲ့လည်း ထူးဆန်းတယ်လို့မခံစားရဘဲ စားပွဲပေါ်က အသီးပန်းကန်ကိုယူကာ ဖရဲသီးကို ခက်ရင်းနဲ့ယူစားတော့သည်။ အို....ချိုလည်းမချိုဘူး

သူမ နှစ်စိတ်လောက်စားပြီးတော့ တံခါးမြည်သံကြားလိုက်ရသည်။ ယောင်ယောင် အသီးပန်းကန်ကိုချကာ ဖရဲသီးစားရင် တံခါးကိုလျှောက်သွားလိုက်သည်။ ချင်းကျင်းသော့မေ့နေတာထင်လိုက်တာ ဒါမဲ့ လူကိုကြည့်လိုက်တော့ အမျိုးသမီးတစ်ယောက်ပင်

ခနလောက်တုံ့ဆိုင်းနေပြီးမှ သစ်သားတံခါးကိုဖွင့်ကာ ထိုအမျိုးသမီးကို သံတံခါးကနေကြည့်လိုက်သည်။

တရုတ်က အိမ်တွေမှာ တံခါးကနှစ်ခုရှိသည် သံတစ်ခါးရယ် သစ်သားတံခါးရယ်

ထိုအမျိုးသမီးက ယောင်ယောင်ခေါင်းကို မြင်တော့ ကြောင်သွားကာ ချိုသာစွာပြုံးပြီး "ဟဲလို ဒါကချင်းကျင်းရဲ့ အိမ်ပါလား?"

ယောင်ယောင်က မျက်ခုံးမြင့်ကာ "အာ ဘယ်သူလဲ မသိဘူး?" တကယ်တန်း သူမ ဒီအမျိုးသမီးကိုသိပါသည်။ သူက ကျိုးယွင်ရွေ့ ချင်းကျင်းရဲ့ အတွင်းရေးမှူးပင် ဒါမဲ့ ခုချိန်မှာတော့ သူတို့က မသိကြသေး

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now