၁၃..သံသယဖြစ်စရာ

4.1K 409 1
                                    

[Unicode]

"ဘာကိုဆိုလိုတာလဲ,မင်းသား?"လီဟန်သူမ မေးကိုင်ထားတာလွှတ်‌ပေးလိုက်တော့သက်ပျင်းချလုနီးပါးဖြစ်သွားသည်။

သို့ပေမယ့် လီဟန်ကသူ၏မျက်၀န်းများဖြင့်အောက်သို့နှိမ့်ကြည့်လိုက်ပြီးရုတ်တရက်သူမလက်ကိုဆွဲလိုက်သည်၊အမာရွတ်ကို သတိထားမိသွား၍ သူမလက်ကိုမျက်နှာနားနီးနီးကပ်ကပ်ကြည့်လိုက်သည်။

ပိုင်စုရှင်း အသက်တောင်၀အောင်မရှုရဲပေ။

သူ့၏နှုတ်ခမ်းထောင့်ကဖြည်းဖြည်းချင်းကော့တက်ကာ အောင်ပွဲခံနေသလိုအပြုံးများအား သူမမြင်လိုက်ရသည်၊ရုတ်တရက်လီဟန်ထရယ်လိုက်၏;လီဟန်သည် အဖိုးတန်အရာတစ်ခုကိုရှာဖွေတွေ့ရှိသွားသလို ဒါမှမဟုတ် အလွန်ရယ်စရာကောင်းသောအရာတစ်ခုကိုကြားလိုက်ရသကဲ့သို့ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။

လီဟန်အရူးတစ်ယောက်လို ရယ်မောခြင်းကို ရပ်လိုက်သောအခါ,ပိုင်စုရှင်း သရဲမြင်လိုက်ရသကဲ့ပင်ချမ်းတုန်လာသလို ခံစားလိုက်ရသည် 'အမေရေ,သူငါ့ကိုခြောက်နေတာလား?'

လီဟန် ရှေ့သို့တိုးကာငုံ့ကြည့်လိုက်၏။သူသည် ယခုအခါတွင်ချောမောသောမျက်နှာဖြင့်ပြုံးကာ "ပိုင် စုရှင်း"

သူမကတော့ ဘာမှမသိနားမလည်တဲ့ဘဲတစ်ကောင်လိုအေးခဲနေတော့သည်၊အဓိကဇတ်ဆောင်က သူမလက်ညိုးကိုဂရုတစိုက်ဆန့်ထုတ်လိုက်ကာ ပါးစပ်ထဲကို ဖြည်းညှင်းစွာထည့်လိုက်သည်။

သူမပင့်သက်ရှိုက်လိုက်မိ၏။

"ငါမင်းကိုပြောခဲ့တယ်လေ,မင်းကိုအကုန်ဝါးစားမယ်လို့"

သူမမျက်လုံးတွေ ပြူးကျယ်သွားသည်၊အချက်ပေးခေါင်းလောင်းသံများကထပ်မြည်လာတော့သည်၊သူ့သွားတွေ အရေပြားကိုကိုက်လိုက်တိုင်းသူမတုန်လှုပ်သွားသည်။

'လီဟန်!ရှင်က ခွေးပဲ!တစ်ကယ် ခွေးပဲ! လွှတ်စမ်းပါ,ခွေးကောင်ရယ်!'

"မင်းငါ့ကိုကြောက်နေတာလား?"အသံနက်ဖြင့် မေးလာ၏။

'ကြောက်တာလား?ဟုတ်တယ်,ငါကြောက်တယ်!ရှင်ကဘာလို့ကျွန်မလက်ချောင်းကို အရူးလိုကိုက်နေရတာလဲ?!ဝါး!ခွေးရူး!ခွေးရူးကောင်!'

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now