အခန်း ၅၉(အရိုးချည်မျှင် ၄)

3.1K 447 64
                                    

Unicode

မေးပြီးမှသာ ရှီထို့ကျန်းနောင်တရတော့သည်။ ရွှမ်းမင်မျက်ခုံးရိုးမှာ တွန့်ကွေးလာသလို တုံ့ဆိုင်းနေသောအပြုအမူကို ရှီထို့ကျန်းမြင်၏။

ရှီထို့ကျန်း ; "…"
【ဒီအတိုင်းမေးလိုက်တာပါ..အဲ့ဒီလောက်ကြီးစဥ်းစားနေဖို့မလိုပါဘူးတာ့ရှီးရယ်】

ခပ်ဖြည်းဖြည်းနောက်လှည့်ကြည့်ပြီး မီးဖိုဘေးနားရပ်နေသော ကျန်းရှီနင်နှင့် အကြည့်ချင်းဖလှယ်လိုက်သည်။ ရှီထို့ကျန်းသည် အသံမထွက်ပဲ ပါးစပ်လှုပ်လျက် 'ဘယ်လိုလုပ်မလဲ? ငါကြောက်လာပြီ'

ကျန်းရှီနင် ပုခုံးသာတွန့်ပြ၏။

【ကိုယ့်ဒုက္ခကိုယ်ရှာတယ်】

ရှီထို့ကျန်းပြန်လှည့်ကြည့်သောအချိန်တွင် ရွှမ်းမင်မှာ လက်ကို ပြန်ရုတ်လိုက်ပြီဖြစ်ပြီး အိုးထဲရှိ ဆူပွတ်နေသော ကော်ရည်ပူများကိုသာ မျက်မှောင်ကျုတ်လျက် စိုက်ကြည့်နေသည်။ ရွှမ်းမင်၏ ကြွေထည်တမျှ ဖြူဖွေးသော ဝတ်ရုံသည် အငွေ့တလူလူထနေသော မီးဖိုအကြား တောက်တောက်ပြောင်ပြောင်ရှိလှ၏။ မီးတောက်များပင်လျှင် သတိဖို့လျက် သူ့ဘေးနားမှ ဝေးရာပြေးချင်နေပုံရသည်။

ရွှမ်းမင် မည်သည်ကိုစဥ်းစားနေမှန်း ရှီထို့ကျန်းနားမလည်ပေမယ့် မျက်နှာထက်အမူအရာအရ ပျော်ရွှင်ဝမ်းမြောက်စရာတော့ ဖြစ်ဟန်မတူ။ သို့နှင့် မီးဖိုချောင်မှ ထွက်ခွာပေးရန် တောင်းပန်ဖို့ရာလည်း မဝံ့ရဲတာကြောင့် သူနဲ့ကျန်းရှီနင်ခမျာ ဘေးကသာ ရပ်ကြည့်နေရသည်။

ရွှမ်းမင်သည် လူမှုရေးမကောင်းပေမယ့် တမင်တကာပြဿနာရှာတတ်သော ရွှဲရှန်လိုလူမျိုးထက်တော့ အပုံကြီးသာသည်။ အိုးထဲရှိ ကော်ရည်ပူများ အသံမြည်လာသည်နှင့် ရွှမ်းမင်လည်း အသိပြန်ကပ်လာပုံရသည်။ အိုးကို တစ်ချက်ကြည့်ပြီး

"မီးကအားနည်းလွန်းတယ်"
   
ပြီးလျှင် ရှီထို့ကျန်းနှင့်ကျန်းရှီနင်ဘက် တစ်ချက်လှည့်ကြည့်ခြင်းမရှိ မီးဖိုချောင်ထဲမှ ထွက်သွားတော့သည်။

နှင်းတမျှဖြူဖွေးသောဝတ်ရုံသည် တံခါးဘောင်ကို ဖြတ်ကျော်သွားသည်နှင့် ရွှမ်းမင်လည်း အရိပ်ပါမကျန် ပျောက်ကွယ်သွားပြီဖြစ်၏။

Copper Coins《铜钱龛世》Where stories live. Discover now