၁၄..အေးစက်ခြင်း

4K 391 1
                                    

[Unicode]

သူမ လုရီကို ထိုလူနှစ်ယောက်အားငွေစနှစ်စနှင့်မြင်းတစ်ကောင်ပေးခိုင်းလိုက်သည်။

ရထားလုံးမထွက်ခင် သူတို့ထဲကတစ်ယောက်က "ကျေးဇူးတင်ပါတယ် သခင်မလေး,ကျွန်တော်တို့သခင်မလေးအပေါ် တစ်သက်လုံးအကြွေးတင်စေမိပါပြီ"လို့အော်ပြောလိုက်၏။

မျက်နှာနှစ်ဖက်နဲ့ ပိုင်စုရှင်းလုပ်ရတာတစ်ကယ်မလွယ်ပေ၊တကယ်တော့ သူမလိုနေနေရတာ ပင်ပန်းပြီးတစ်ခါတရံဇာတ်ရုပ်ကထွက်သွားချင်သည်၊ချစ်လှစွာသော စာရေးဆရာရေ!ကျွန်မက လူပါ၊တခါတရံ သူမဒီခေတ်က အမျိုးသမီးတွေအတွက် ကြီးမားတဲ့တားမြစ်ချက်ဖြစ်တဲ့'ဆဲဆိုခြင်း'ကို မတော်တဆတွေးမိသွားတတ်သည်။

'ကြီးကြီးမားမား..မဖြစ်ဘူး..မဖြစ်ဘူး!မလုပ်သင့်ဘူး!နင့်အဖေတယ့်မှ!'

သူမဆဲဆိုတာကိုကျင်းအာ ပထမဆုံးကြားတုန်းက ကျင်းအာရဲ့ဟာသဆန်တဲ့မျက်နှာအမူအရာကို အမှတ်ရမိလိုက်သည်၊တစ်ကယ်ရယ်ရတယ်!ကျင်းအာမျက်နှာက အခုချက်ချင်းပဲမူးလဲတော့မလိုလိုမဟုတ်ရင်သူ့ပုခုံးပေါ်မှာကမ္ဘာကြီးတစ်ခုလုံးကို ထမ်းထားရသလိုရုပ်ဖြစ်နေတာ။

ကျင်းအာက သူမအိမ်အပြင်ထွက်တိုင်း မျက်နှာရှေ့အဖြူရောင်ပိတ်စပါးအလွှာကိုတပ်ခိုင်းသည်၊ရှေး‌ခေတ်တရုတ်အမျိုးသမီးအများစုသည်,မျက်နှာကို လူအများရှေ့ဖော်ပြခြင်းမလုပ်ပဲသီးသန့်အုပ်ထားလေ့ရှိကြသည်၊ရိုးရိုးသားသားပြောရရင်,ဒါကအရမ်းကိုစိတ်အနှောက်ယှက်ဖြစ်တယ်၊ကျွန်မကအဲ့လောက်အလှကြီးလည်းမဟုတ်ပါဘူး,ဒီဖြူဖျော့နေတယ့်မျက်နှာကိုအဲ့လောက်ထိဖုန်းကွယ်ထားဖို့တော့မလိုပါဘူး။

သို့ပေမယ့် သူမကမျိုးရိုးမြင့်အဆင့်အတန်းကို ဆောင်ထားသောကြောင့် သူမ၏ဂုဏ်ကျက်သရေကိုထိန်းထားရမည်၊အမတ်ချုပ်အိမ်ယာရဲ့ ဂုဏ်သိက္ခာကိုလည်းအမြဲကာကွယ်နေရမည်ဖြစ်သည်။

'ဖူး!ဘာဂုဏ်သိက္ခာလဲ?!'

နောက်နှစ်ရက်အကြာတွင် ကိုယ်လုပ်တော်ဇီ၏ မွေးနေ့ပွဲဖြစ်ပြီး အထူးသဖြင့် နန်းတော်ထဲနှင့်မြို့တော်ရှိမျိုးရိုးမြင့်မိန်းကလေးအားလုံးကို ဖိတ်ကြားထားသည်။

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now