Extra(3)

612 25 8
                                    

#Unicode

ပရိသတ်များစွာ၏ရှေ့ဝယ် မိုက်ကရိုဖုန်းကို ကိုင်ကာ သူသီချင်းဆိုနေသည်။အော်ဟစ်ကာ သူ့နာမည်ကိုကြွေးကြော် အားပေးနေသည်မှာ ကြက်သီး‌မွှေးညှင်းပင် ထစရာကောင်းလှသည်။ သူလည်းပျော်ရွှင်မြူးထူးစွာ သီဆိုရင်းဖြင့်အဆက်အစပ်မဲ့စွာပင် အမှောင်ထုကြီးတစ်ခုက သူ့အားဝါးမြိုကာ ပိတ်မိသွားတော့သည်။ အမှောင်ထုကြီးစိုးနေသော လေဟာနယ်တစ်ခုထဲဝယ် သူထွက်ပေါက်မဲ့သွားသည်။ သူ့အမြင်အာရုံရှေ့ဝယ် ပျော်ရွှင်စွာဖြတ်သန်းသွားလာနေသော လူတစ်ချို့ကိုတွေ့သောကြောင့် အော်ဟစ်အကူအညီတောင်းသော်ငြား ဂရုမပြုပါဘဲနှင့် ထိုအမှောင်ထုကြီးထဲရှိသူ့ကို လျစ်လျူရှုထားခဲ့ကြသည်။ လူတစ်ချို့ကတော့ ကူညီချင်သယောင်နှင့် အနီးရောက်ကာမှ အငွေ့သဏ္ဍာန်ကွယ်ပျောက်သွားကြသည်။

ထိုစဉ်သူ့ထံသို့ အလင်းရောင်များစွာဖြာထွက်နေသော လက်တစ်စုံက ကမ်းလှမ်းလာလေသည်။ သူလည်း ထိုလက်တစ်စုံကို မြဲမြဲဆုပ်ကိုင်ပြီး မျက်လုံးကိုမှိတ်၊အံကိုကြိတ်ကာ ထိုအမှောင်ထုထဲမှ ထွက်ခဲ့လိုက်သည်။ သို့သော် အဖြူရောင်အတိဖုံးလွှမ်းသော ‌အရပ်သို့ရောက်သောအခါ သူဆုပ်ကိုင်ခဲ့သော ထိုလက်ကလေးသည်လည်း အငွေ့ပျံသွားလေသည်။ ထို့ကြောင့် ထိုအဖြူရောင်နယ်မြေထဲဝယ် သူလမ်းပျောက်ခဲ့ရပြန်သည်။

ထိုအချိန်ဝယ် သူ၏ကျောအနောက်ဘက်ဆီမှ ခေါ်သံလိုလိုကြားလိုက်သဖြင့် လှည့်ကြည့်လိုက်လေသောအခါ အဖြူရောင်လူသားတစ်ဦးက သူ့အားလက်ပြနှုတ်ဆက်နေလေသည်။ ထိုလူသား၏ ရုပ်သွင်သည်ကား ထင်ရှားပြတ်သားမှုမရှိပါဘဲနှင့် ဝေဝါးနေလေသည်။ ထို့နောက်သူ့အား လက်ယက်ကာခေါ်နေသောကြောင့် ထိုလူသား၏နောက်သို့ သူပြေးလိုက်ခဲ့မိသည်။ သူ့အား လက်ပြလျက်သားနှင့် နောက်ပြန်ရွေ့နေသော ထိုအဖြူရောင်လူသား၏လားရာသည်ကား အရှိန်အဟုန်ဖြင့် စီးဆင်းနေသည့် ရေတံခွန်ရှိရာချောက်ကမ်းပါးဆီသို့ပင်။ သူထိုလူသားကို ရပ်တန့်ရန် လှမ်းအော်သော်လည်း သူ့လည်ချောင်းတွင် တစ်စုံတစ်ရာ တစ်စို့ထားသကဲ့သို့ အော်သံတို့ ပျောက်ရှနေလေသည်။

ချစ်ခြင်း၏တမန်တော် [My Boyfriend](Z+U){Completed}Where stories live. Discover now