Chapter 132

23.6K 3.5K 271
                                    

Unicode

အတူတူစုမဲ့ ကာပယ်ဆုတွေ
_________________________________

ကျန်းမော့ချန်ကိုယ်တိုင်လည်း တော်တော်လေးအံ့သြသွားသည်။ သူက ဒီနှစ်ထဲမှာ 《 ပန်းလေးတွေကတစ်ဆင့်အိမ်မက်ထဲလာခဲ့မယ် 》ဇာတ်ကားနှင့် နိုင်ငံခြားမှာ ဆုရခဲ့ပြီးပြီဖြစ်တာကြောင့် တစ်နှစ်ထဲနဲ့ နောက်တစ်ဆုထပ်ရလောက်တဲ့အထိ ကံမကောင်းနိုင်ဘူးဟု ထင်ခဲ့မိသည်။ ထို့ကြောင့် ယန်းချင်းချီကိုပဲ အာရုံစိုက်ထားပြီး ဆုရစေချင်ခဲ့တာပင်။ သို့သော် ယန်းချင်းချီကမရလိုက်ပဲ သူက မမျှော်လင့်ပဲထပ်ရလိုက်လေသည်။

သူ စင်ပေါ်ကိုတည်တည်ငြိမ်ငြိမ်တက်သွားကာ ဆုယူပြီးနောက် ကျေးဇူးတင်စကားပြောလိုက်သည်။

ကျန်းမော့ချန်ဆုရသွားတာကိုမြင်တော့ နှမြောတသဖြစ်နေသည့် ခံစားချက်လေးက အပျော်တွေဖြင့်ပြည့်နှက်သွားတော့သည်။ သူအရင်ကတွေးထားခဲ့သည်မှာ နှစ်ယောက်လုံး ကျင်းကွေ့မှာစကာတင်ဝင်ထားတဲ့အတွက် တစ်ယောက်ယောက်ကတော့ ဆုရကိုရမှဖြစ်မည်ဟုပင်။ တစ်ယောက်မှမရလိုက်ဘူးဆို နည်းနည်းလေးရှက်စရာကောင်းမနေဘူးလား။ အခု သူကဆုမရလိုက်ပေမဲ့ ကျန်းမော့ချန်ကဆုရလိုက်တဲ့အတွက် အရမ်းကိုပျော်သွားသည်။ အခုတော့ ကျန်းမော့ချန်က ရွှေဆုသုံးဆုရ ရုပ်ရှင်ဧကရာဇ်အဖြစ် သတ်မှတ်နိုင်ပြီဖြစ်တာကြောင့် သူ့ချစ်သူက အောင်မြင်မှုရဲ့အလွန်မှာ ရပ်တည်နေနိုင်နေပြီဖြစ်သည်။ သူ ကျန်းမော့ချန်အတွက် လက်ခုပ်အကျယ်ကြီးတီးပေးလိုက်သည်။ ကျန်းမော့ချန်က စင်ပေါ်ကနေ သူ့ကိုမမြင်ရလောက်ဘူးဆိုသော်ငြား တဖက်လူအစား အလွန်အကြူးဝမ်းသာနေသည့် ခံစားချက်ကိုတော့ ထိန်းချုပ်လို့မရလိုက်ပေ။

ဒါပေမဲ့ ကျန်းမော့ချန်က မျက်စိမကောင်းတဲ့လူမှမဟုတ်တာ ယန်းချင်းချီအားပါးတရလက်ခုပ်တီးပေးနေတာကို မတွေ့ပဲဘယ်နေပါ့မလဲ။ သူ စင်ပေါ်တက်လာကတည်းက စင်အောက်ကလူတွေကိုပဲ အထူးသဖြင့် ယန်းချင်းချီကိုပဲအာရုံစိုက်ကြည့်နေခဲ့တာကြောင့် အဆုံးသတ်မှာ

''ကျွန်တော့်မိသားစုကိုလည်း ကျေးဇူးတင်ပါတယ် သူတို့ရဲ့ ထောက်ပံ့မှုတွေ ချစ်ခင်အားပေးမှုတွေကြောင့် ကျွန်တော်ဒီနေရာမှာရပ်နေနိုင်တာပါ ရှဲ့ရှဲ့ ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now