4-1

7.6K 462 19
                                    

ဖိအား

Porsche

ဆိုင်ကယ်စီးလာတဲ့တလျှောက်လုံး ကျွန်တော့်ကျောပေါ်မှာကပ်တွယ်လာတဲ့လူတစ်ယောကိရှိနေခဲ့ပြီး အဲ့ဒီလူရဲ့ပုံစံကသူ့ဘဝရဲ့မျှော်လင့်ချက်ကိုဆုံးရှုံးလိုက်ရပြီး အဆုံးသတ်တရားစီရင်ခံရတော့မဲ့နေ့ကိုမျက်မြင်ကြုံတွေ့ရတော့မဲ့ပုံစံမျိုးဖြစ်နေခဲ့သည်။ ရုတ်တရက်ကြီး ကျွန်တော့်ဦးလေးAthieကသူ့ကိုလာကြိုဖို့ဖုန်းဆက်လာခဲ့ပြီး သူပြောတဲ့လိပ်စာကိုရောက်သွားတော့လည်း စကားမပြော၊မေးခွန်းမမေး၊ကျွန်တော်မေးတဲ့မေးခွန်းကိုလညိးမဖြေဘဲ အိမ်ကိုပြန်ပို့ဖို့သာပြောခဲ့သည်။

“အရင်ဆင်း” ကျွန်တော်အသံတိုးတိုးနဲ့ပြောလိုက်တဲ့အခါ သူကအလွယ်တကူပဲဆင်းလိုက်ပေမဲ့ ဆိုင်ကယ်စက်နှိုးပြီးအနောက်ခြံအလွတ်ထဲသွင်းထားလိုက်တဲ့ကျွန်တော့်ကိုကြည့်ရင်းမျက်မှောင်ကြုတ်လာသည်။ဆိုင်ကယ်ထားပြီးတဲ့အချိန်မှာတော့ ကျွန်တော်နံရံကိုကျော်လိုက်ပြီးအပေါ်ကိုတက်လိုက်သည်။

“ဘာလုပ်နေတာလဲ” ကျွန်တော့်လက်ကိုကမ်းပေးလိုက်တဲ့အခါ ဦးလေးကဇဝေဇဝါအကြည့်နဲ့ကြည့်ရင်းမေးလာသည်။

“ရှုး...တိုးတိုးနေ...မြန်မြန်တက်လာ” ဦးလေးက ကျွန်တော့်လက်ကိုဖမ်းဆွဲလိုက်တာကြောင့် ဦးလေးကိုအပေါ်ရောက်အောင်ဆွဲတင်လိုက်ပြီး တတ်နိုင်သမျှအသံမထွက်အောင်ကြမ်းပြင်ကိုပေါ့ပေါ့ပါးပါးဆင်းလိုက်သည်။

“ကိုယ့်ကိုယ်ပိုင်အိမ်ကိုတောင်ဘာလို့သူခိုးလိုခိုးဝင်နေရတာလဲ။” ဦးလေးကမယုံနိုင်တဲ့ပုံနဲ့ဆံပင်ကိုသပ်လိုက်ရင်းပြောလာသည်။အပေါ်ကနေခုန်ဆင်းဖို့ပြောတာကိုလျစ်လျူရှုထားရင်းနဲ့ပေါ့။ ​​ခေါင်းကိုဟိုဘက်ဒီဘက်ကြည့်ရင်း ဘယ်ဘက်နဲ့ညာဘက်ကိုစစ်ဆေးပြီးတဲ့အချိန်မှာ ကျွန်တော်အသံတစ်စက်ကလေးမှမထွက်အောင်အနောက်တံခါးကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပြီး အိမ်ထဲဝင်လိုက်သည်။

“ဖူး နောက်ဆုံးတော့ နောက်တစ်ရက်ကိုကျော်ဖြတ်နိုင်ခဲ့ပြီ ” ကျွန်တော်အသက်ပြင်းပြင်းရှုလိုက်ပြီး အနောက်ကိုအမြန်လှည့်ကာ ကျွန်တော့်နောက်ကလိုက်လာပြီးမီးဖွင့်ဖို့ပြင်လိုက်တဲ့Athieကိုအသံတိုးတိုးနဲ့ပြောလိုက်သည်။

HereWhere stories live. Discover now