Chapter 3 unicode

21.4K 424 2
                                    

🔸အဖြူရောင်နုနု🔸3

            အပိုင်း~၃

နံနက်၆နာရီ..
နုနုပုံမှန်ထတတ်တဲ့အချိန်မို့မျက်လုံးကနိုးစက်မလို
ပေ။နုနုဘေးမှာတော့..နုနုအသွေးအသားတွေကို
မြိန်ရေယှက်ရည်သုံးဆောင်သွားတဲ့ခင်ပွန်းအသစ်
စက်စက်ကြီးကအိပ်မက်ကမ္ဘာထဲမှာမြောနေဟန်ရှိ
သေးသည်။
နုနုဖြေးညှင်းစွာနဲ့ထပြီး..ရေချိုးခန်း၀င်သည်။
ရေအေးအေးလေးချိုးချလိုက်တော့မှပဲငြီးစိတာတွေ
ပျောက်သွားတော့သည်။
နုနု အ၀တ်စားလဲပြီးသည့်အထိကိုဗညားရှိန်းတုပ်
တုပ်ပင်လှုပ်မလာသေး။
" အင်း ညကသောက်ထားတဲ့အရှိန်နဲ့လွှင့်နေတာ
ထင်တယ်..."
ိုနုနုအိပ်ခန်းထဲကထွက်ကာအောက်ထပ်သို့ဆင်း
လာခဲ့သည်။

" နုနု လက်ထပ်ပြီးရင်လည်းမီးဖိုချောင်၀င်စရာမလို
ဘူးသိလား၊ကိုယ့်အိမ်မှာအဒေါ်ကြီးရှိတယ်..
နုနုကစီမံပေးယုံပဲ...၊ပြီးတော့..
နုနုခိုင်းဖော်ရအောင်နောက်ထပ်ကောင်မလေးတစ်
ယောက်ပါခေါ်ထားသေးတယ်..." တဲ့။
ကိုဗညားရှိန်းကလက်မထပ်ခင်ကတည်းကထိုသို့
ပြောသည်။မေမေကတော့..
ယောက်ျားအတွက်ထမင်း၊ဟင်းချက်ကျွေးစရာမလို
ရင်တောင်နံနက်စာကိုတော့ကိုယ်တိုင်ထပြင်ဆင်
ပေးဖို့တိုးတိုးတိတ်တိတ်မှာကြားလိုက်သည်။
ဒါကနုနုအတွက်သိပ်မခက်ခဲပါဘူး၊အိမ်မှာလည်း
နံနက်စာကနုနုဖာသာပြင်ဆင်ရတာကိုး...

ဟိုးအရင်ကသားအမိနှစ်ယောက်တလှည့်စီချက်ပြုတ်စားလာပေမယ့်..နုနုကောလိပ်တတ်တော့အမေ
ကသူ့ဆွေမျိုးနီးစပ်ထဲကညီမအပျိုကြီးတစ်ယောက်
ကိုအိမ်ခေါ်ထားလိုက်တော့..ကူဖော်ရသွားသည်။
အခုလည်းအဒေါ်နဲ့အမေနှစ်ယောက်ထဲသာကျန်ရစ်
ခဲ့တော့သည်။
နုနုအမေကအိမ်ပွဲစား၊ရတနာပွဲစားလုပ်တာမို့
ပိုက်ဆံအချမ်းသာကြီးမဟုတ်ပေမယ့်၊အတန်အ
သင့်တော့ပြေလည်ပါသည်။
" ပွဲစားအလုပ်ကသူများမျက်ခုံးမွှေးပေါ်စကြံင်္လျှောက်ရတော့..အချိန်မရွေးပြုတ်ကျပြီးစုတ်ပြတ်သွား
နိုင်တယ်လေ။ အဲ့တာကြောင့်ငါ့သမီးကိုနောက်ခံ
ခိုင်ခိုင်မာမာရှိတဲ့လူနဲ့အိမ်ထောင်ကျစေချင်တာပေါ့ကွယ်...
အိမ်ထောင်သည်ဘ၀မှာငွေကြေးပူပန်ရတာကအဆိုးဆုံးပဲ...
ချစ်လှပါချည်ရဲ့ဆိုပြီးယူထားတဲ့ယောက်ျားတွေ
တောင်ငွေမရှိရင်..ရှိတဲ့မိန်းမရောက်လာရင်ကောက်ကောက်ပါသွားကြသေးတာ...။
အဲ့တော့အစေခံမယားမဖြစ်စေနဲ့...အစကတည်း
ကသူများထက်တစ်ဗန်းသာအောင်တင့်တောင်း
တင့်တယ်ထားနိုင်မယ့်လူကိုရွေးယူတာ မမှားဘူး
သမီး....."

အဖြူရောင်နုနု(complete)🚨Where stories live. Discover now