၁၆..စောင့်ဆိုင်းပေးရခြင်း

4K 449 8
                                    

[Unicode]

အနမ်းကို မေ့ထားလိုက်တော့။

အနမ်းလို့လည်း ယူဆလို့မရပါဘူး,အဓိကဇာတ်ဆောင်ကငါ့ကို ကယ်ဖို့လုပ်ခဲ့တာပဲဟာ၊ပြီးတော့ အဲ့ဒီညကအဖြစ်အပျက်ကလည်းသူငါ့ကိုနာကြည်းလို့..အဲ့လိုလုပ်တာနေမှာပါ။

'မလန့်နဲ့ လျှိုရှီးရှီး,မလန့်နဲ့,အသက်ပြင်းပြင်းရှူ'

"သခင်မလေး,ဖြည်းဖြည်းလျှောက်ပါ,နေသိပ်ကောင်းသေးတာလည်းမဟုတ်ဘဲနဲ့"

သူမတို့ ကျုံးဆွေ့ နန်းဆောင်သို့ရောက်သောအခါ သတ္တမမြောက်မင်းသမီးသည် အဓိကဇာတ်ဆောင်မင်းသမီး၏ပြစ်ဒဏ်ကိုကြီးကြပ်နေ၏။ချူ၀မ်၀မ်သည် လီချာရှေ့ ရှည်လျားသောသစ်သားခုံပေါ်တွင် လဲလျောင်းနေလေသည်၊ဘေးတွင်လည်း ထူထည်းသောသစ်သားပြားများကိုင်ထားသောမိန်းမစိုးများရှိနေသည်။

ပိုင်စုရှင်းအရိုအသေပေးလိုက်ပြီး"လျိုယန်မင်းသမီးနဲ့နန်းဘုရင်ကိုနှုတ်ခွန်းဆက်သပါတယ်"ပိုင်စုရှင်းအသံဖျော့ဖျော့လေးဖြင့်"အရှင်မင်းသား,ကျေးဇူးပြုပြီး မိန်းကလေး ချူကိုအပြစ်မပေးပါနဲ့"

"မိန်းကလေး ပိုင်,နင်.. နင်ဘာလို့ဒီကိုရောက်လာတာလဲ?" လီချာ မျက်မှောင်ကြုတ်လိုက်၏။ထို့နောက်ဘေးမှတိတ်ဆိတ်နေတယ့်စတုတ္ထအစ်ကိုတော်ကို တစ်ချက်ကြည့်လိုက်သည်၊လီချာဒေါသတကြီးဖြင့် အဓိကဇာတ်ဆောင်မင်းသမီးကို လက်ညှိုးထိုးလိုက်ကာ"ဒီမြေခွေးမက နင့်ကိုနာကျင်အောင်လုပ်ဖို့ကြိုးစားတာ ဒုတိယအကြိမ်ရှိနေပြီ,သူ့ကိုကောင်းကောင်းအပြစ်ပေးရမယ်"

ပိုင်စုရှင်း ပေါ့ပါးစွာဖြင့်"ဒါကနားလည်မှုလွဲတာပါ,မင်းသမီး၊သူ့အပြစ်မဟုတ်ပါဘူး၊မတော်တဆဖြစ်သွားတာပါ,ကျေးဇူးပြုပြီး မိန်းကလေး ချူအပေါ်ညှာတာပေးဖို့တောင်းဆိုပါတယ်"

အဓိကဇာတ်ဆောင်က စကားမပြောသေးပဲပိုင်စုရှင်းအား စိုက်ကြည့်နေသည်၊သူ့အပြုအမူတွေအား..ဖတ်ကြည့်လိုပင်မရပေ။

"မိန်းကလေး ပိုင်,နင်မမြင်ဘူးလား,သူကနင်ငါ့အစ်ကိုတော်နဲ့ နီးနီးကပ်ကပ်ရှိနေတာမနာလိုနေတာ,အဲ့တာကြောင့် နင့်ကိုထိခိုက်အောင်လုပ်တာပေါ့" လီချာကပြောလိုက်သည်။

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now