အခန်း ( ၁၈)

68.8K 7.9K 1.3K
                                    

ဝမ်းနည်းမှုတွေရစ်ပတ်ယှတ်နွယ်နေသောအနှီအသံလေးမှာကျော်ဇေယံထွဋ်နှလုံးသားထဲမွန်းကြပ်ဖွယ်စီးဆင်းသွားကာတွေဝေသွားချေသည်။

ရင်ခွင်ထဲဆွဲပွေ့လိုက်တဲ့အခါပခုံးတွေဆီမှီငြိမ်းလာရင်း အသာလေးမှေးစက်၏။

" အမေဘာတွေပြောသွားပြန်လဲ "

" မ...မပြော...မပြောပါဘူး "

" လရိပ်သွင်ကလည်း ငါ့ကိုသဘောမကျပါဘူး ။ သူ့မှာလည်းသဘောကျနေတဲ့လူရှိတယ်ပြောတယ် ။ သူ့မိဘတွေကလောလောဆယ်ကျန်းမာရေးမကောင်းသေးတာကြောင့် ငါတို့ငြင်းဖို့အဆင်မပြေသေးဘူးလေ "

ဘယ်အကြောင်းအရာကကောင်ငယ်လေးကိုဝမ်းနည်းသွားစေလည်းမသိပေမဲ့တကယ်တော့အစပိုင်းကတည်းကဒီအကြောင်းအရာတွေကိုရှင်းပြသင့်တယ်ဆိုတာသူမေ့လျော့နေခြင်းပင်။ဘယ်သူကရောဒီကောင်လေးသဝန်တိုတက်မယ်လို့ထင်မှာလဲ ။

ထိုအကြောင်းလေးတွေးမိတဲ့အခါရင်ထဲသိမ့်ခနဲဖြစ်လို့ဖက်ထားတဲ့ကိုယ်သေးသေးလေးအားပိုပြီးတင်းတင်းလေးဖက်လိုက်မိတော့အသံသေးသေးလေးပင်ထွက်လာချေသည်။

" ငါနောက်ရက်တွေကျရင် ဆေးရုံကို နိုင်ငံခြားကဝန်ကြီးတစ်ယောက်လာမှာအိမ်ပြန်ရဖို့တော့လမ်းမမြင်ဘူး "

နေသက်နွေးရင်ခွင်ထဲမှထွက်လို့ခေါင်းလေးစောင်းကာကျော်ဇေယံထွဋ်အားမော့ကြည့်လေသည် ။

ထိုအကြည့်လေးတွေမှာနူးညံ့ကာနှလုံးသားအားမွှေးပွအိအိလေးတွေနှင့်ပွတ်သပ်နေသည့်နှယ်ဖော်မပြတက်သောခံစားချက်နှင့်သည်းအူယားမှုကိုဖြစ်ပေါ်စေ၏။

" ထ... မင်း.. ထမင်းချိုင့် ..လာပို့မယ်"

" လက်တွေအပူလောင်မယ် ဂရုစိုက်။မင်းလက်လေးတွေကလှတယ် ၊ ဒဏ်ရာတွေဖြစ်ရင် မကောင်းဘူး "

မျက်လုံးလေးတွေကလည်းသိပ်လှတာမလို့မျက်ရည်တွေနဲ့ဆိုလုံးဝမလိုက်ဖက်။ဒါကြောင့်မို့ဒီကောင်လေးကိုအမြဲတမ်းပြုံးနေစေချင်သည်။

" အိပ်တော့ ညဥ့်နက်နေပြီ "

အိပ်ရာတွင်လှဲစေလို့ အညာစောင်အပါးလေးအားရင်ဘက်အထိဆွဲတင်ပေးကာဆံပင်တွေအားသပ်တင်ပြီးနောက်နဖူးလေးထက်ငုံ့ကာအနမ်းခြွေလိုက်၏။

နေရောင်ခြည်လို   နွေးWhere stories live. Discover now