13

4K 428 5
                                    


အခန်း ၁၃ ဇီးသီးစိမ်းနဲ့ ဝါးမြင်း

ယောင်ယောင်က ချင်းကျင်းနဲ့သွေးအေးစစ်ပွဲဖြစ်လို့နေသည်။

ဒါမဲ့လည်း ဒါက ယောင်ယောင်စိတ်ထဲမှာသာဖြစ်နေပြီးတော့ ချင်းကျင်းက သူမ ဘာကိုစိတ်ဆိုးနေလဲမသိ

ပြောရရင် ယောင်ယောင်နဲ့ချင်းကျင်းရန်ဖြစ်တဲ့ အကြိမ်ကလည်း မနည်းဘူးလေ  ချင်းကျင်းမပြောနဲ့ဘယ်ကျောင်းသားဆို သွားလေရာနေရာတိုင်း အမြီးတစ်ချောင်းလိုက်နေတဲ့နှိပ်စက်မှုမျိုးကို ကြုံခိုင်းကြည့်လေ သူတကယ် ဒီအရိပ်ကို မြစ်ထဲလွှင့်ပစ်ချင်တာ ဘုရားပဲသိလိမ့်မယ်

သူတို့ ရန်ဖြစ်တဲ့အကြိမ် အဆိုးဆုံးတစ်ခေါက်က သူအထက်တန်းတုန်းကပဲ ဆန့်ကျင့်ဘက်လိင်ကို စစိတ်ဝင်စားတတ်တဲ့အချိန်လည်းဖြစ်သည်။ အဆုံးကျ သူ စတောင်မစရသေးဘူး ယောင်ယောင်ကြောင့် ဖြစ်နိုင်ချေတွေအကုန်ဖျက်ဆီးခံလိုက်ရတာပဲ ဒီမီးသီးကတော့

ချင်းကျင်း တအားဒေါသထွက်ပြီး ဒီမကောင်းဆိုးဝါးလေးကို အာရုံမစိုက်တော့ဘူးလေ

နောက်ဆုံးကျ ယောင်ယောင်လည်း ဘာမှမပြော ဘာမှမလုပ်ဘဲ သူ့ကိုမျက်လုံးဝိုင်းကြီးတွေနဲ့ပဲ ကြည့်ပြီ ကြိတ်ငိုနေခဲ့တာ ရလဒ်ကတော့ သူထွက်ပေါက်မရှိတော့တာပဲ

အဲ့ဒါကြောင့် ငယ်သူငယ်ချင်းဖြစ်ရတဲ့ ခံစားချက်က တကယ့်ကို ကူကယ်ရာမဲ့တာမျိုး လက်လည်းမလျှော့နိုင် ပစ်လည်းမထားနိုင်လေ

ချင်းကျင်းက လက်မလွှတ်နိုင်တော့ ယောင်ယောင်က အောင်နိုင်သူဖြစ်သွားရော သူ့ခမျာ ဒီတိုင်း လက်တွေ့နဲ့ သူ့ကံကိုလက်ခံဖို့ပဲ တတ်နိုင်တယ် တကယ်တန်း ယောင်ယောင်ကို ရည်းစားအဖြစ်ရရင် တကယ့်ကို ကောင်းမှာပါပဲ သူကနည်းနည်းတဇွတ်ထိုးနိုင်ပေမယ့် ဆိုးသွမ်းနေတာမျိုးလည်းမဟုတ်ဘူးလေ သူမက ကိုင်တွယ်ရလွယ်သလို စိတ်ပြေအောင်လုပ်ရတာလည်းလွယ်သည်။ သူမက သူ့မျက်လုံးထဲမှာ သူမပဲရှိစေချင်တာ

သူ့သူငယ်ချင်းတွေကလည်း ဒီကိစ္စကြောင့် သူ့ကိုစနောက်နေကျ သူတို့က သူမက ဒီလောက်သေးပြီး လက်တဖက်တည်းနဲ့ကိုင်ပေါက်လို့ရနေတာကို သူမကို ခေါင်းပေါ်တင်ထားလို့လေ

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now