၁၇..အလံဖြူလည်း မပြနိုင်ပါ

4K 406 2
                                    

[Unicode]

လီဟန်သည် သူမအား ယုံရှု နန်းဆောင်ဆီပြန်ပို့ပေးပြီး ညစာစားဖို့ပါတစ်ခါတည်းစောင့်နေတော့သည်၊ထိုအချိန်မှစ၍လီဟန်သည် ညတိုင်းလိုလိုသူမဆီ တိတ်တဆိတ်လာနေတတ်သည်၊ သူက သူမကိုပွေ့ဖက်ပြီးအိပ်ရတာသဘောကျသည်,ပြီးတော့ သူအိပ်ပျော်သည်ထိကိုပုတ်သိပ်ရန်လည်းမှာထား၏။

'ငါက သူ့အမေမို့လို့လား?သူက ခွေးလား?ဘာလို့ ပုတ်ပေးတာကို ကြိုက်တာလဲ? ခဏလေး.. သူကတကယ်ခွေးပဲလေ!'

"လွန်ခဲ့တဲ့နှစ်တွေကမင်းငါ့ကို အရမ်းအထင်ကြီးတယ်လို့ပြောခဲ့တာ မှတ်မိလား?"

*ချောင်းဆိုး*ချောင်းဆိုး*ချောင်းဆိုး* ခွေးကောင်‌!အဓိပ္ပာယ်မရှိတာတွေမပြောပါနဲ့လား! နောက်ထပ် မိနစ်အတော်ကြာသည်ထိတံတွေးသီးကာ ချောင်းဆိုးနေခဲ့သည် "အရှင့်သား အထင်မလွဲပါနဲ့,မင်းသားကအရမ်းမြင့်မြတ်တော့ ကျွန်မကအထင်ကြီးလေးစားခဲ့ရတာပါ"

"မင်း..ငါ့ကိုလှောင်နေတာလား"

"လှောင်တာလား?မဟုတ်ပါဘူး၊မဟုတ်ပါဘူး၊အဲ့အစား ကျွန်မကနှလုံးသားတစ်ခုလုံးနဲ့ကို၀န်ခံတာပါ"

သူမမျက်လုံးတွေ ထိတ်လန့်စွာပြူးကျယ်နေသည်၊သူကဘာလို့အဲ့လိုပြောရတာလဲ?!အဖေရေ!ငါတော့တံတွေးသီးပြီးသေတော့မှာပဲ၊အဓိကဇာတ်ဆောင်က အမြဲတစေအငြိုးထားတတ်သူပဲ။

"အဲဒါ.."

"ဘာလို့လိမ်​တာလဲ"သူ၏လေသံကပိုလေးနက်လာသည်၊ပိုင်စုရှင်း မျက်နှာမှာသွေးမရှိတော့ပေ။

သူမမျက်စိမှိတ်ပြီးနှုတ်ခမ်းကို ကိုက်ထားလျက် "မလိမ်ပါဘူး,အ..အရှင်မင်းသား,ကျွန်မ..ကျွန်မမလိမ်ဝံ့ပါဘူး"

"ဒါဆို မင်းငါ့ကို အထင်ကြီးတယ်ပေါ့"သူ့အသံက ရွှင်မြူးသွားပြန်သည်။

'ခြေမပေါ် ပြုတ်ကျမယ့်ကျောက်တုံးကို မြှောက်လိုက်ရသလိုပဲ';ဒီစာကြောင်းကိုအမေ့ဆီကကြားဖူးထားတာပေါ့၊ဒီတရုတ်စကားက အခုလက်ရှိငါ့အခြေအနေနဲ့ကွက်တိပဲလေ။

လီဟန်သည် သူမလက်ချောင်းများကို ကလေးတစ်ယောက်လိုဆော့ကစားနေလေသည်၊သူ၏နှုတ်ခမ်းပေါ်တွင် ရွှန်းလဲ့နေသောအပြုံး အရိပ်အယောင်များ ရှိနေ၏။သူမခန္ဓာကိုယ်တစ်ခုလုံးကတော့သစ်တုံးလို တောင့်တင်းနေရသည်၊ခန္ဓာကိုယ်၊မျက်နှာ၊အပြုံးနဲ့မျက်လုံးတွေကလည်း မျက်နှာကြပ်ကိုသာကြည့်နေနိုင်သည်၊စုရှင်းသက်ပြင်းသာချလိုက်မိသည်။

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now