Extra-2

48K 2.9K 422
                                    

" ဟီရိုဆီက messageရပီးပီမှတ်လား Sam "

" ဟုတ်ကဲ့ Boss "

" ဒီနေ့တော့ ညတာရှည်အုံးမယ်ထင်တယ် "

" မထူးဆန်းတော့ပါဘူး "

" ပြင်ဆင်စရာရှိတာ ပြင်ဆင်ပီးပီလား "

" အကုန်ပြီးပြီ "

" ခဏလောက်စောင့်ကြည့်ကြတာပေါ့ "

" Boss "

Samကမ၀ံ့မရဲလေးခေါ်လိုက်တာကြောင့် ဟန်နရီမျက်ခုံးတွေကတွန့်ကွေးသွားပီး Samကိုစိုက်ကြည့်လိုက်သည်

" ကျတော်..... "

" ကျတော်ဘာဖြစ်လဲ "

" Bossကျတော့်ကိုစိတ်ဆိုးမှာလား "

" ငါကဘာကိုစိတ်ဆိုးရမှာလဲ "

" ..... "

" Sam... မင်းဘာတွေလုပ်လာလို့လဲ ငါ့ကိုပြော "

" ကျတော် Bossကိုလက်ဆောင်ပေးစရာလေးရှိလို့ "

" မင်းက ငါ့ကို? "

" အင်း "

" အဲ့တာကြောင့် ဒီနေ့မိုးအုံ့နေတာနေမယ် အထူးအဆန်းတွေဖြစ်နေလို့လေ "

" ကျတော်က အကောင်းပြောနေတာပါ Bossရဲ့ "

" ထားပါတော့ ဘာလက်ဆောင်လဲ "

ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ Samက သူ့ coatအင်္ကျီကိုချွတ်လိုက်ပီး အောက်ကအင်္ကျီကို ဗိုက်ပေါ်တဲ့အထိလှန်ပြလိုက်သည်
မထင်မှတ်ထားတဲ့အရာကြောင့် ဟန်နရီခဏတာဆွံ့အသွားပီး မျက်ရည်များပင်၀ဲတတ်လာသည် သူ့တပည့်ရဲ့အပြုအမူတွေက ဘာကိုဆိုလိုလဲဆိုတာ ဟန်နရီသိပီးသားပင် ....

" Sam မင်း..."

" ကျတော် ဒီလက်ဆောင်လေးကိုပေးချင်ခဲ့တာကြာပါပီ "

" မဟုတ်ဘူး မင်းကငါ့အတိုင်းလိုက်လုပ်လို့မဖြစ်ဘူး "

" Bossခါးစပ်နားက တတ်တူးကိုမြင်တိုင်း အတိတ်ကအိမ်မက်ဆိုးတွေကို ပြန်မြင်ယောင်လာတယ်မှတ်လား နောက်တခါအဲ့လိုဖြစ်စရာမလိုပါဘူး ကျတော့်ခါးစပ်မှာလဲတတ်တူးထိုးထားပီမို့လို့ Bossတယောက်ထဲအားငယ်စရာမလိုတော့ဘူး ကျတော်တယောက်လုံးရှိတယ် "

HANARY(S1+S2) Where stories live. Discover now