၁၈..ဖမ်းဆီးခံလိုက်ရခြင်း

4K 412 8
                                    

[Unicode]

"အကုန်လုံးအဆင်သင့်ဖြစ်ပါပြီ သခင်မလေး,သခင်ကြီးနဲ့သခင်မကလည်း စိတ်ရှည်ရှည်နဲ့သခင်မလေးကိုစောင့်နေကြပါတယ်၊မင်းသမီးလီချာ လည်းသခင်မလေးထွက်ခွာမှုကိုလေးစားစွာပို့သပေးကြောင်း မှာကြားလိုက်ပါသေးတယ်"

သူမ ခေါင်းညိတ်လိုက်သည်။

နန်းတွင်းအစေခံတွေနဲ့မိန်းမဆိုးများသည်ရှေ့ရက်များတွင် သူမအားအမှန်တစ်ကယ်ဂရုစိုက်ပေးခဲ့ကြသည်၊အခုလည်းသူမ အိမ်ပြန်ဖို့ကိုမလိုလားသည့်မျက်နှာထားမျိုးဖြင့်၀မ်းနည်းနေကြသည်၊ထိုအနေအထားကိုတွေ့လိုက်တော့ ပိုင်စုရှင်းရယ်ချင်သွား၏။သူတို့ကငါ့ကိုသူတို့သခင်လိုမျိုးစိတ်ပူနေကြတာပဲ၊ငါက..အခုထိ အင်ပါယာမိသားစုနဲ့လက်မဆက်ရသေးပါဘူး။

ကျင်းအာက သူမကိုရထားလုံးပေါ်တက်ဖို့‌ကူညီပေးလိုက်သည်။

"ထွက်တော့!"လုခိုင် က အော်လိုက်သည်။

မိနစ်သုံးဆယ်ကြာတော့ သူမတို့လမ်းလယ်ရောက်နေလေပြီ၊သူမမျက်လုံးတွေမှိတ်ထားရင်း ဗိုက်က ထဖောက်တော့သည် 'ဒီလမ်းစုတ်တော့'

ရုတ်​တရက်​ရထားလုံးရပ်သွားတော့အော်သံတစ်ခုကိုကြားလိုက်ရသည်။

"ဓားပြတွေ!"

ထို့နောက် အပြင်ဘက်မှလူမျိုးစုံအော်ဟစ်သံများနှင့်ဓားချင်းခုတ်သံများကိုကြားလိုက်ရသည်၊ပိုင်စုရှင်းလက်ဖြင့် ပါးစပ်ကိုအုပ်ပြီးအော်သံကိုထိန်းလိုက်သည်။

"သခင်မလေး!"

"ကျင်း..ကျင်းအာ,စိတ်..မပူနဲ့ငါနင့်ကို ကာ..ကာကွယ်ပေးမယ်"သူမကို ကျင်းအာကိုဖက်ထားလိုက်သည်။

"မ..မကြောက်နဲ့၊သူတို့က ဓားပြတွေတင်၊သူတို့ငါတို့သက်တော်စောင့် အမွှာနှစ်ယောက်ကိုမနိုင်ပါဘူး,အဖေပြောဖူးတယ်,အမွှာနှစ်ယောက်ကကိုယ်ခံပညာသန်မာတယ်တဲ့"

"သခင်မလေး!"ပိုင်စုရှင်း ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာတော့သည် "သခင်မလေး တုန်နေတယ်"

သူမကိုယ်သူမသတိမထားမိခဲ့ပေ၊သူမ၏အသံသည်လည်း မျက်ရည်များနဲ့အတူနစ်မြှုပ်နေသည်။

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now