Part 19

5.8K 446 18
                                    

Unicode

သူဆေးရုံတက်နေတဲ့အတောအတွင်း သူ့ဆီကိုဠုယျာက ယောင်လို့တောင်ရောက်မလာ။ ဠုယျာကိုတွေ့ချင်တယ် ဒယ်ဒီ့ပြောပြီး လာတွေ့ခိုင်းလို့ရပေမယ့် ဆေးရုံမှာ နုရည်ရည်ရှိနေတာကြောင့်အဆင်မပြေ။

"ဒယ်ဒီ ကျွန်တော်ကောင်းနေပြီ ဆေးရုံကဆင်းချင်ပြီ"

"သား နောက် ၃/၄ ရက်လောက်နေရအုန်းမယ်လို့ ပြောထားတယ်လေ"

"ကျွန်တော့်ကိုယ်ကျွန်တော်သိတယ် ဒယ်ဒီ၊ ဆေးရုံဆင်းဖို့လုပ်ပေးပါ၊ အိမ်ကနေနေ့တိုင်းလာပြမယ်လို့ပြောပေး၊ ပြီးတော့ မာမီနဲ့နုရည်ရည်ကိုမပြောပါနဲ့"

"ဟင်း....အေးကွာ ဒယ်ဒီ‌သွားပြောပေးမယ်၊ သားကားမောင်းလို့တော့မရသေးဘူးနော်"

"ကျွန်တော်သိတယ်"

ဦးကျော်ဝင်မှာသားအတွက်ဆေးရုံဆင်းဖို့သွားခွင့်တောင်းရတော့သည်။ ပြန်တော့လဲ ကုမ္ပဏီခဏဝင်ချင်ပါတယ်ဆိုလို့ ခဏစောင့်နေရ၏။

ထင်ရိုင်းနောင် ရုံးထဲဝင်လာပြီး ဘယ်သူ့မှမကြည့်ပဲ သူနဲ့စိုင်းဠုယျာရှိရာအထပ်ကိုပဲတက်ခဲ့၏။ ဝန်ထမ်းတွေကတော့ အံ့ဩနေသည်
သူတို့ CEO ကဆေးရုံမှာရှိနေရမှာမလား။ ထင်ရိုင်းနောင် စိုင်းဠုယျာအခန်းရှေ့ရောက်တာနဲ့ဖွင့်တင်လိုက်သည်။ သူရင်မောသွားတာပဲရှိ၏ အထဲမှာစိုင်းဠုယျာကမရှိ။ သူပြန်ထွက်လာတော့ မစံပယ်နဲ့တိုးသည်။

"ဟင် CEO ဆေးရုံကမဆင်းရသေးဘူးမဟုတ်ဘူးလား"

"မစံပယ် စိုင်းဠုယျာဘယ်မှာလဲ"

"ဟို MD ကအစည်းအဝေးမှာ"

သူမအဖြေပြီးအောင်တောင်မစောင့် ခြေလှမ်းကျဲကြီးနဲ့ထွက်သွားပြီဖြစ်သည်။

"MD ကိုတစ်ခုခုများလုပ်မလို့လား"

သူမမှာနောက်ကပဲလိုက်သွားရမလို ကျန်ခဲ့ရမလိုဖြစ်နေ၏။

အစည်းအဝေးခန်းရဲ့အပြင်ကနေ ကာရံထားတဲ့မှန်‌ကတဆင့် အထဲကြည့်လိုက်တော့ ဠုယျာကဝန်ထမ်းတွေတင်ပြနေတာကို အာရုံစိုက်နားထောင်နေသည်။ သူဝင်ပြီးပြေးဖက်လိုက်ချင်တဲ့စိတ်ကိုထိန်းကာ MD အခန်းထဲပြန်ဝင်ကာထိုင်နေလိုက်သည်။ ဠုယျာအရင်တုန်းကလဲ ဒီလိုဖြူဖြူဥဥလေးအခုလဲ ဒီအတိုင်းပင်။ သူအခန်းထဲမှာပြုံးနေမိ၏ ဠုယျာ မောင့်ရဲ့ဠုယျာအရင်အတိုင်း နူးနူးညံ့ညံ့လေး။ မောင်မင်းကိုကာကွယ်ပေးမှာ မင်းဘာမှမဖြစ်စေရဘူး။

နေဝင်ချိန် (Complete) Rebirth Uni & ZawgyiWhere stories live. Discover now