Chapter 134

22.6K 3.4K 214
                                    

Unicode

ယန်းချင်းချီရဲ့ Fan girlလေး
________________________________

အားလုံး အမွှေးတိုင်စိုက်ပြီးနောက် ကန်တော့ပွဲအခမ်းအနားက ချောချောမွေ့မွေ့ပြီးသွားခဲ့သည်။ ယန်းချင်းချီ Weiboပေါ် ပုံအချို့နှင့် Postတင်လိုက်သည်။

[ တရားဝင်စရိုက်ပြီ ကျားယို! ]

Fanတွေက ပရိုမိုးရှင်းဝိုင်းဆင်းပေးနေရင်း သူတို့ကောကောကို သတိပေးဖို့လည်းမမေ့။

[ ကောကောရေ ကျန်းမာရေးကိုဂရုစိုက်ရမယ်နော်! ခန္ဓာကိုယ်ကို အမြဲဂရုစိုက်နော်! ]

ယန်းချင်းချီ သူ့အတွက်စိတ်ပူပေးနေသည့် Fanလေးတွေကိုကြည့်ကာ သူတို့အတွက်လည်း ဟိုပူရ၊ဒီပူရနှင့် မလွယ်ကူဘူးဟုထင်မိတာကြောင့် ရေနွေးနှစ်ငုံလောက်ထပ်သောက်ပစ်လိုက်သည်။

(T/N: ရေနွေးသောက်တာက ကျန်းမာရေးကောင်းတယ်လေ)

ကန်တော့ပွဲအခမ်းအနားတွင် ပါဝင်ခဲ့သည့် မင်းသား၊မင်းသမီးတွေမှာ ယန့်ဇီအဖြစ် ချီးရွမ်၊ ကိုရင်လေးအဖြစ် ကျန်းရှောင်မင်၊ ယင်းလင်အဖြစ် ဆူးချင်း၊ ဟောရှောင်ရွှိုက်အဖြစ် ကျန်းချုံး၊ ဝမ်းရှင်အဖြစ် မော့ကျန့်ယင်းတို့ဖြစ်ကြသည်။

ထိုမင်းသား၊မင်းသမီးတွေထဲမှာ မင်းသားကြီး မော့ကျန့်ယင်းတစ်ယောက်ကိုပဲ ယန်းချင်းချီသိထားသည်။ ထိုလူငယ်ရွယ်စဥ်က ဝေ့ကွမ်းကျန့်ဇာတ်ကားရဲ့ ခေါင်းဆောင်မင်းသားအဖြစ် အောင်မြင်ကျော်ကြားခဲ့ပြီး အခုအသက်အရွယ်ရလာတော့ ဒါရိုက်တာအများအပြားမျက်နှာသာပေးခြင်းခံနေရသည့် သဘာရင့်ဝါရင့် ဇာတ်ပို့မင်းသားကြီးတစ်ယောက်ဖြစ်လာခဲ့သည်။ ဒီတစ်ခေါက်မှာတော့ သူက ဝမ်းယောင်အဖေ ဝမ်းရှင်အဖြစ် သရုပ်ဆောင်ရမည်ဖြစ်သည်။

(T/N: ဝေ့ကွမ်းကျန့်က တရုတ်ကွန်မြူနစ်ပါတီအကြောင်းရိုက်ထားတဲ့ဇာတ်ကားပါ)

ယန်းချင်းချီ တခြားလူတွေအကြောင်းမေးကြည့်လိုက်တော့ ရှောင်ဟောက အကျဥ်းချုံးရှင်းပြလာခဲ့သည်။ ယန့်ဇီအဖြစ် သရုပ်ဆောင်မည့် မင်းသမီးချီးရွမ်မှာ ရသကိုဖော်ကြူးထားသည့်ရုပ်ရှင်ဇာတ်ကားတွေကိုပဲ ရွေးသရုပ်ဆောင်တတ်ကာ အသက်က ၂၂နှစ်ရှိပြီဖြစ်သည်။ ဆုရထားသည့်ရုပ်ရှင်အများအပြားမှာ ဝင်သရုပ်ဆောင်ဖူးသော်ငြား ကံမကောင်းစွာဖြင့် သူမကိုယ်တိုင်ကတော့ ဆုတစ်ခါမှမရဖူးပါ။ ထို့ကြောင့် အရမ်းကြီးနာမည်မကြီးပေ။ ဆူးချင်းနဲ့ ကျန်းရှောင်မင်ကတော့ သူတို့သရုပ်ဆောင်ရမည့်ဇာတ်ကောင်သဘာဝအရ ၁၄နှစ်သာရှိသေးသော ကလေးသရုပ်ဆောင်ငယ်လေးတွေဖြစ်သည်။ ထို့အပြင် ကျန်းရှောင်မင်ငယ်ငယ်တုန်းက ရှောင်လင်ဘုန်းကြီးကျောင်းမှာ ခဏသွားနေဖူးတာကြောင့် ဒီကိုရင်လေးဇာတ်ကောင်နှင့် အထူးလိုက်ဖက်သည်။ သူကိုယ်တိုင်ကလည်း ဒီဇာတ်ကောင်အတွက် ကတုံးပါတုံးပစ်လိုက်ကာ ခေါင်းလေးမှာ ပြောင်ပြောင်ဝိုင်းဝိုင်းလေးဖြင့် အရမ်းကိုချစ်ဖို့ကောင်းနေသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now