အခန်း ( ၁၉)

67.4K 7.7K 732
                                    

အလဲလဲအပြိုပြိုဖြစ်နေတဲ့အဖေ့ပုံရိပ်ကနေသက်နွေးအတွက်တော့မျက်ရည်စို့ချင်စရာ ။ အဖေကမူလတန်းကျောင်းအုပ်တစ်ယောက်ဖြစ်ကာမကြာခင်ပင်စင်ယူရတော့မည်လူကြီးတစ်လည်းဖြစ်၏။

   " သွေးတိုးရောဂါရှိနေတာကိုပေါ့ပေါ့ဆဆနေတာလေ  ..."

ကျော်ဇေယံထွဋ် လူနာအားစမ်းသပ်နေရင်း ဒေါ်မိုးမြတ်စံ၏ငိုသံစွတ်စွတ်အပြောအားမည်သို့မှမတုန့်ပြန်မိချေ။

   " စွဲသောက်ရမဲ့ ဆေးတွေကတော့ရှိတယ် ။ ဦးလေးပြနေကျဆရာဝန်နဲ့သေချာပြန်တိုင်ပင်ပြီး သောက်တာကတော့ပိုကောင်းတာပေါ့ "

" ပြနေကျဆရာဝန်ရယ်တော့မရှိပါဘူးကိုထွဋ်ရယ် "

နေသက်နွေးလှဲလျောင်းနေတဲ့အဖေ့ဘေးတိုးကပ်ထိုင်ရင်းမျက်လုံးထောင့်လေးတွေစိုစွတ်လာချေသည်။ လှိုက်တက်လာတဲ့ဝမ်းနည်းမှုလေးတွေမှာပါးစပ်ကပင်ပြန်လည်ပွင့်အန်မတက်။

ဦးသက်ဦးကစကားပြောတဲ့အခါသူ၏လျှာက စိတ်သွားတိုင်းမပါတော့ချေ။ ဝူးဝူးဝါးဝါးစကားတွေသာထွက်ပေါ်လာပြီး အားမလိုအားမရစိတ်နဲ့သိမ်ငယ်စိတ်တွေကြောင့် ကျန်းမာရေးဟာပို၍ပင်ဆုတ်ယုတ်လာချေသည်။

    " အ... အဖေ  "

သားကြီးကိုမြင်တဲ့အချိန် ဦးသက်ဦးမျက်လွှာချမိလိုက်၏။ စိတ်ထဲနောင်တတွေဝင်ရောက်လာချိန်ဒီကလေးအားသူတောင်းပန်ဖို့ပင်ခွင့်မသာတော့ ။

အခုတော့ နှုတ်ဖျားမှစကားတစ်ခွန်းပြောဖို့အတွက်မည်မျှခက်ခဲကြောင်းသူနားလည်ခဲ့ပြီဖြစ်သည် ။

ကျော်ဇေယံထွဋ်အလိုက်တသိခဏတာရှောင်ထွက်နေတုန်းနေသက်နွေးအမေ့လက်ထဲ သိန်းနှစ်ဆယ်အတိပုံအပ်ခဲ့သည်။ ငွေပုံကိုကြည့်လို့အမေကတော့မှင်သက်လို့နေ၏။

     " ကိုထွဋ်ကရောကြည်ဖြူလို့လားသားရယ် "

စင်စစ်ကိုနေသက်နွေးကတောင်းမည့်သူလည်းမဟုတ်သလို၊အချေးအငှားဆိုတာတောင်ဘာမှန်းသိမည့်ကလေးတောင်မဟုတ်ပါချေ ။

နေသက်နွေးမလိမ်ညာစတမ်းပင်ရိုးသားစွာပြောလာ၏။

  " ကို  ... ကိုကိုပေး  ..ပေးခိုင်းတာ "

နေရောင်ခြည်လို   နွေးWhere stories live. Discover now