BTLFAM (24) Unicode

3.3K 226 8
                                    

Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)

အပိုင်း(၂၄)

အေးစက်စက်အငွေ့အသက်တို့လွှမ်းခြုံထားပြီး မှောင်မိုက်ကာ ခြောက်ခြားဖို့ကောင်းသည့် တောအုပ်၏အလည်မှာ ကားကိုရပ်လိုက်သည်။ ညနေစောင်း ဒီလိုအန္တရာယ်များလွန်းတဲ့ တောအုပ်ကိုဘာကြောင့်လာရတာလဲ။ ဉာဏ်တိမ်တာလားဆိုသည့် မေးခွန်းတွေကို Bazဖြေစရာမရှိခဲ့ပါ။ Baz၏စဉ်းစားနိုင်စွမ်းနှင့် နှလုံးသားဟာ တုန်ရင်နေခဲ့တာမို့။

Bazကားတံခါးကိုပိတ်ကာ ဘေးတွင် ဒူးတစ်ဖက်ကိုထောင်ပြီး ထိုင်နေလိုက်သည်။ စီးကရက်တစ်လိပ်ကို လောင်မြိုက်စေပြီး အငွေ့တချို့ကို အဆုတ်ထဲထိ လောင်ကျွမ်းစေသည်။ တွန်းကန်ဂုဏ်သတ္တိကိုပေးသော အငွေ့တချို့ကို ပါးစပ်မှမှုတ်ထုတ်လိုက်သည်။ ယခုနေ Baz၏ခေါင်းတစ်ခုလုံးကျဉ်နေသည်။ ဘာမှ‌ကိုတွေးတောလို့မရချေ။

နာကျင်ခဲ့တာတွေရော နာကျင်စဲအရာတွေရောကိုမေ့ဖျောက်ကာ စီးကရက်ကို တစ်လိပ်ပြီးတစ်လိပ်သောက်နေခဲ့သည်။ ကုန်စင်သွားသော စီးကရက်အရေအတွက်သည် Baz၏စိတ်ပင်ပန်းခြင်းကို ကိုယ်စားပြုချေသည်။

စီးကရက်က စိတ်ဖိစီးမှုကိုလျှော့ချနိုင်တယ်။တုန်ရင်နေတဲ့တစ်ကိုယ်လုံးကို ငြိမ်သက်သွားစေပေမယ့် အတွေးအပိုင်းအစတွေကိုတော့ နယ်ချဲ့စေနိုင်တယ်။

သွေးဆူတုန်း ရူးရူးမိုက်မိုက်ပြောခဲ့တဲ့ စကားတွေဖြစ်မည်ဟု လူတွေသတ်မှတ်ထားသည့်အရာတွေသည် Bazတကယ်နာကျင်လွန်းလို့ ထွက်လာခဲ့သည့် အရာ‌တွေဖြစ်သည်။

Baz၏အကျင့်သည် စိတ်ဖိစီးလာရင် စိတ်ငြိမ်စေသည့်ပတ်ဝန်းကျင်၌ စီးကရက်ကို တစ်စိုက်မက်မက်သောက်သုံးခြင်းဖြစ်သည်။

Bazနောက်ဆုံးကျန်သည့် စီးကရက်ကို ရှိုက်လိုက်ပြီးနောက် ကားတံခါးကိုဖွင့်ကာ အမြဲဆောင်နေကျ အဖြူစွတ်စွတ် လက်ကိုင်ပုဝါကိုထုတ်လိုက်ပြီး အပြင်မှာပြန်ထိုင်လိုက်သည်။ ပြီးနောက် လက်ကိုင်ပုဝါနှင့် လက်နှစ်ဖက်ကို အညှိုးကြီးကြီးပွတ်သည်။

Behind the lust for a man(Complete)Where stories live. Discover now