14.1

3.8K 494 6
                                    


အခန်း ၁၄.၁ ဒီလူက ငါ့အပိုင်ြ

ယောင်ယောင်ချွေးတွေပြန်လို့ ရလဒ်ကတော့ ဘယ်သူ့ကိုမှ မရိုက်နိုင်ခဲ့တာပဲ သေလောက်အောင်ပင်ပန်းပြီး တစ်ယောက်တည်းထိုင်ကာ အားလုံးကို သတ်ချင်သလို ကြည့်နေခဲ့သည်။

မျက်နှာအရေထူတဲ့ ထိုအုပ်စုကတော့ ဂရုမစိုက်ဘဲ အမြန် စားပွဲနှစ်ဝိုင်းမှာ ပြန်ထိုင်ကာ အရက်သောက်ပြီး မာကျောက်ကစားကြတော့သည်။ ချင်းကျင်းနဲ့ ယွမ်စီနန်က တဖက်မှာထိုင်ပြီး သူတို့ကို အဖတ်လုပ်မခံရ ချင်းကျင်းက ဘာမှမပြောဘဲ ယောင်ယောင်ဘေးမှာလာဝင်ထိုင်သည်။ သူမကို အဖော်ပြုပြီးတော့ပေါ့ တစ်ဖက်က ဆော့ဖို့ခေါ်လည်း သူ ဝင်မဆော့ ယွမ်စီနန်ကတော့ မကျေနပ်ဘဲ အားလုံးကိုလှောင်လို့နေသည်။ ဘယ်သူကမှ သူ့ကိုအဖတ်မလုပ်

ယွမ်စီနန်နဲ့ တူတူပါလာတဲ့ကောင်မလေးက ယောကျာ်းလေးတွေ အများကြီးနဲ့ရှိနေရတာကိုကျင့်သားမရလို့နေမည်။ ယောင်ယောင်ဘေးကိုလာထိုင်သည်။

ချင်းကျင်းက ဒါကိုမြင်တော့ မိန်းကလေးနှစ်ယောက်သီးသန့်နေလို့ရအောင်နေရာဖယ်ပေးလိုက်သည်။

ဒီအမျိုးသမီးက တော်တော်လေးလှသည်။ ယောင်ယောင် ရင်းနှီးသလိုခံစားရကာ သူမ ဘက်က အရင်စပြီး "နာမည်ဘယ်လိုခေါ်လဲ?" လို့မေးလိုက်သည်။

"ချီပိုင်ပိုင်"

သူမအသံက နူးနူးညံ့ညံ့လေး နားထောင်လို့အလွန်ကောင်းသည်။ ယောင်ယောင်က သူမကို အရင်ဘယ်မှာမြင်ဖူးလဲတွေးနေမိသည်။ ဒါမဲ့ သူမအတွက်တော့စိတ်မကောင်း ယွမ်စီနန်လိုရည်းစားမျိုးရလို့လေ "ငါက လော့ယောင်ယောင်ပါ တူတူသီချင်းဆိုရအောင်"

ချီပိုင်ပိုင်လည်း ငြင်းစရာမရှိ

သီချင်းဆိုနေတဲ့သူက ယောင်ယောင်က ဆိုင်သူဌေးရဲ့ သူငယ်ချင်းဆိုတာသိတော့ သူမ ပစ္စည်းတွေကို ရှင်းကာ ခုံဖယ်ပေးလိုက်သည်။

ယောင်ယောင်က သီချင်းစက်ထဲက စာရင်းကိုကြည့်ကာ တော်တော်ကြာပြီးမှ "ဘာဆိုချင်လဲ?"လို့မေးလိုက်သည်။

"ဒီသီချင်း" ချီပိုင်ပိုင်က ကြုံရာသီချင်းတစ်ပုဒ်ကိုရွေးလိုက်သည်။

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now