အခန်း-၄၀ ဓားပညာရှိ၏ ဂူပိတ်ကျင့်ရာနေရာ။

4.3K 856 29
                                    

Unicode

အခန်း-၄၀ ဓားပညာရှိ၏ ဂူပိတ်ကျင့်ရာနေရာ။

[ဇာတ်လိုက်က စံနှုန်းနဲ့ မကိုက်ညီတော့ဘူး!]

ထိုညတွင် သူတို့နှစ်ဦး အာရုဏ်တက်ချိန်ကို စောင့်မျှော်ရင်း အစောင့်တာဝန်ကို တစ်ကြိမ် ပြောင်းလဲခဲ့ကြသည်။ ဂူအတွင်းမှ အရိပ်များကို ခွဲခြားသိမြင်နိုင်သည်နှင့် မြွေတွင်းသို့ ထပ်မံဦးတည်လိုက်ကြ၏။

မျှော်လင့်ထားသည့်အတိုင်း အေးခဲသောညကို ဖြတ်ကျော်ပြီးနောက် မြွေအများစုသည် ပုန်းအောင်း နေကြတော့သည်။ အချို့မှာ ဂူနံရံထောင့်၌ စုပြုံ‌ ရောယှက်နေကြပြီး လူများ ချဉ်းကပ်လာသော အခါတွင်တောင် မလှုပ်ရှားနိုင်ကြပါချေ။

စုယန်သည် သူ၏သတ္တိကိုဆင့်ခေါ်ကာ ရှုပ်ထွေးနေသော မြွေပုံကြီးထဲမှ မြွေများကို ကျယ်ကျယ်ပြန့်ပြန့်ရှိသော နေရာသို့ ဆွဲထုတ်လိုက်သည်။ ကုဖေးတိသည် ၎င်းတို့အား တစ်ကောင်ပြီးတစ်ကောင် သတ်ပြီးနောက် မြေမြှုပ်ပစ်လိုက်၏။ မြွေတွေ တုံ့ပြန်ချိန် မရလိုက်ခင်မှာပဲ အများစုက သုတ်သင်ခံလိုက် ရလေသည်။

"ခဏလေး ဒီမြွေတွေ..."

ကုဖေးတိက စုယန်အား ရုတ်တရက် လှည့်ပြောလိုက်ပြီး မလှမ်းမကမ်းက ဂူနံရံကို ကြည့်လိုက်သည်။

"အဲဒီမှာ အပေါက်တစ်ပေါက်ရှိနေပုံရတယ်... မြွေတွေက အဲဒီက ထွက်လာတာလို့ ငါထင်တယ်"

စုယန် မြွေတစ်ကောင်၏ ဦးခေါင်းကိုဖြတ်လိုက်ပြီး ကုဖေးတိ တူးထားသော တွင်းထဲသို့ ပစ်ချလိုက်သည်။ ထို့နောက် သူ ကုဖေးတိ ညွှန်ပြနေသည့်နေရာကို မျှော်ကြည့်လိုက်၏။

ယခုအချိန်တွင် ဂူအပြင်ဘက်၌ နေထွက်နေပြီ ဖြစ်သောကြောင့် ဂူထဲသို့ အလင်းရောင်အချို့ ကျရောက်နေပြီဖြစ်သည်။ သူတို့သည် မနီးမဝေး လှိုဏ်ဂူနံရံတွင် လူလုပ်အမှတ်အသားတစ်ခုကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ ၎င်းသည် ဒေါင်လိုက်ပုံစံ ပြားချပ်ချပ်ဖြစ်ပြီး အမှန်တကယ် တံခါးတစ်ခုကဲ့သို့ ဖြစ်နေသည်။

"အပြင်က မြွေတွေအားလုံးကို အရင်သတ်လိုက်။ ပြီးရင် သွားကြည့်ကြတာပေါ့" ကုဖေးတိက ဆိုသည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now