RVTIACF chapter-(22)

3.1K 490 16
                                    

CHAPTER-(22)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ချူရှောင်းဒီမေးခွန်း မေးလာမယ်လို့ကျောင်းသူက မျှော်လင်မထား။ ဒါကြောင့် မျက်နှာပျက်စွာတုံ့ပြန်လိုက်သည်။

"ချူရှောင်း! ဟန်ဆောင်တာတော်တော့။ နင်နဲ့ငါ အိပ်ဆောင်တစ်ခုတည်းမှာ နေကြတာ။ ဘာလို့ငါ့ကို မမှတ်မိဘူးလို့ပြောရတာလဲ?"

"ငါတစ်ခါမှ အိပ်ဆောင်မှာ မနေဖူးဘူး။ ဆိုတော့ နင်ဘယ်သူဆိုတာ ငါကဘယ်လို​သိမှာလဲ?"

ချူရှောင်းသူမကို ဝေ့ကြည့်ပြီး မှတ်ညဏ်တွေကိုပြန်ရှာလိုက်၏။

"ငါမှတ်မိပြီ။ နင်က ယိချန်ကိုလိုက်နေတဲ့ ကောင်မလေးတွေထဲက တစ်ယောက်ပဲ။ ဟုတ်တယ်မလား? သူ့ကိုရည်းစားစာခြောက်စောင် လိုက်ပေးသေးတာကိုလည်း ငါမှတ်မိတယ်။အဲ့စာတွေ အမှိုက်ပုံးထဲပစ်ထည့်တိုင်း နင်ကငိုယိုပြီးသေရင်တောင်သူ့ကို့ လက်မလျော့ဘူးလို့ပြောတယ်။ အခုကျတော..."

ချူရှောင်း ကျောင်းသူဘေးနားရပ်နေတဲ့ ပိုင်ရွယ်ဝေ့ကိုဝေ့ကြည့်ပြီး ချက်ချင်းနားလည်သွားကာ ပြော၏။

"ယိချန်ကိုဖျားယောင်းဖို့ နည်းလမ်းရသွားပုံပဲ။ နင်ကပိုင်ရွယ်ဝေ့ လမ်းကြောင်းအတိုင်းလိုက်ဖို့ စီစဥ်နေတာကိုး။"

ကျောင်းသူမှာ ခဏလောက်လောက် ထိတ်လန့်သွား၏။ ယိချန်ကို သူမစာပေးတာ ဘယ်သူမှ မမြင်ပါဘူး။ ချူရှောင်းကဘယ်လို သိနေတာလဲ? ယိချန် ချူ​ရှောင်းကို ပြောပြထားတာလား?

ပိုင်ရွယ်ဝေ့ကျောင်းသူကို မယုံသင်္ကါကြည့်လာပြီး သူမမျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွား၏။

ကျောင်းသူက ပိုင်ရွယ်ဝေ့လက်ကို ကိုင်ပြီးရှင်းပြသည်။

"သူမလိမ်နေတာ..ဝေဝေ သူ့ကိုမယုံနဲ့!"

သူ့ပြောပြီးတော့ ချူရှောင်းဘက်လှည့်ကာ

"ငါနဲ့ဝေဝေကြား စိတ်ဝမ်းကွဲမှုတွေမျိုးစေ့ချနေတာ ရပ်တန်းကရပ်တော့။ နင့်မှာ ဘာသက်သေရှိလို့လဲ?"

ချူရှောင်းသူမကိုကြည့်ပြီး လက်ပိုက်လိုက်သည်။

"ငါကဘာကိစ္စ သက်သေရှာရမှာလဲ? နင်ကထူးဆန်းတယ်နော်။ နင့်crush(တစ်ဖက်သတ်​ကြိုက်ကသူ)က သစ္စာဖောက်ထားတာ။ ဒီတော့ သူ့အပေါ်နင်ထင်ယောင်ထင်မှား ဖြစ်နေတာကရုန်းထွက်ပြီး ဖောက်ပြန်တဲ့အတွက် အမှိုက်ကောင်လို့ မခေါ်သင့်ဘူးလား? ဘာလို့များ ငါ့ဆီပြေးဝင်ပြီး ငါ့ရဲ့ကံဆိုးမှုတွေကို ဝမ်းသာချင်​နေရတာလဲ?

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now