4-2

6.3K 429 13
                                    

ဖိအား

Cheနဲ့ကျွန်တော်တို့အိမ်ကနေပစ္စည်းတချို့ကိုသိမ်းဆည်းပြီးချိန်မှာTemရဲ့အိမ်ကိုအပြေးလာခဲ့လိုက်သည်။ဒီနေ့ညတော့ အဲ့ဒီလူနဲ့တစ်အိမ်တည်းမှာမနေနိုင်တော့ဘူး။သူ့ကိုကျွန်တော့်ဦးလေးအနေနဲ့လေးစားမှုမပေးနိုင်ဘူး။သူကတောက်လျှောက်ညဥ်းညူနေပြီး ကျွန်တော့်ကိုKinnဆီမှာအလုပ်ဝင်ဖို့ပဲတောက်လျှောက်ပြောနေတာလေ။ကိုယ့်ကိုယ်ကိုယ်မထိန်းနိုင်ဘဲအဲ့ဒီလူမျက်နှာကိုလက်သီးနဲ့ထထိုးမိမှာတောင်ကြောက်နေရပြီ။

“ဒါအရင်သောက်လိုက်။မင်း...” Temက ကျွန်တော့်ကိုရေခွက်ကမ်းပေးရင်းပြောလက်စစကားကိုရပ်လိုက်သည်။ ဒီအချိန်ကြီးကျမှသူ့ဆီကိုရောက်လာတဲ့လူနှစ်ယောက်ကိုကြည့်နေရင်းနဲ့ပေါ့။

"ကျေးဇူးပဲ"

“ဘာတွေဖြစ်လို့လဲ။” Temကစိုးရိမ်နေတဲ့မျက်နှာနဲ့မေးလာသည်။

“​ကြိုမပြောဘဲ မင်းကိုအနှောငိ့အယှက်ပေးမိတာတောင်းပန်ပါတယ်...” ဝရန်တာကိုလှမ်းကြည့်ရင်းပြောလိုက်ပေမဲ့ ပြောင်ရှင်းနေတဲ့ဝရန်တာမှာကျွန်တော်အာရုံစိုက်စရာဘာဆိုဘာမှရှိမနေဘူးပဲ။

“မင်းအခုရက်ပိုင်းဘာတွေဖြစ်နေတာလဲသူငယ်ချင်း။ဒီတစ်ချိန်လုံးငါမင်းကိုစောင့်လာခဲ့တာ။အခုပြော။ငါဘယ်လိုကူညီပေးရမလဲ။ ”

ကျွန်တော်သူ့ကိုကြည့်လိုက်တဲ့အခါ ခပ်ဖျော့ဖျော့အပြုံးတစ်ခုနဲ့ပြန်ကြည့်နေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရပြီး သူကကျွန်တော့်ကိုအားပေးတဲ့အနေနဲ့ပုခုံးကိုလက်နဲ့ဆုပ်ကိုင်လိုက်တဲ့အခါ ကျွန်တော်ကြုံတွေ့ခဲ့ရတာတွေကိုဖြည်းဖြည်းချင်းပြောပြလိုက်သည်။

“ငါ့အိမ်ကိုဦးလေးကပေါင်လိုက်တယ်”

“ဟင် ဘယ်လိုတွေဖြစ်သွားတာလဲ”သူ့မျက်နှာပေါ်မှာရှိနေတဲ့အံ့ဩမှုက ဘယ်လိုမှဖုံးကွယ်မထားနိုင်ဘဲပေါ်ပေါက်လာခဲ့သည်။

“လောင်းကစားလုပ်တာမှာရှုံးသွားတာလေ။”
သူ့ကိုရှင်းပြနေရင်းအန်ချင်စိတ်ကထွက်ပေါ်လာပြန်သည်။အဲ့ဒီလူအကြောင်းကိုပြောလည်းမပြောချင်သလို စဥ်းလည်းမစဥ်းစားချင်တော့ဘူး။

HereWhere stories live. Discover now