Part - 9

25.3K 2K 98
                                    

Part - 9

                My Oleander Hubby

" သူက အိမ်မှာထားလို့အဆင်ပြေပါ့မလား ၊ ဆေးရုံပို့ရင်ပိုကောင်းမလားလို့ ၊ ညဘက်တွေဘာတွေ ခေါင်းမူးတာမျိုး ဖြစ်မှာစိုးတယ် ၊ ငါကလဲ ဘာမှလုပ်တက်တာမဟုတ်ဘူး ၊ ဆေးရုံ မှာဆိုတော့ ဆရာဝန်တွေက အချိန်ပြည့်ရှိတယ်လေ "

ကိုယ့်စကားကြောင့် ဆေးလုံးတွေကို အိတ်ထဲ သေသေချာချာထည့်နေတဲ့ နေလင်းက ---

" အားနည်းယုံပါကွာ ဆေးချိတ်ပေးထားပါတယ် ၊
ဆေးရုံသွားစရာမလိုပါဘူး ၊ လိုရင်အစထဲကငါခေါ်မှာပေါ့ ၊  ခဏနေရင် သူလဲနိုးလာမှာတော့မှာ ၊
အခုကဆေးရှိန်နဲ့ အိပ်ပျော်နေတာ ၊ မင်းကဘယ် လိုတောင်ဖြစ်နေတာလဲ ၊ကြည့်ရတာ ပျာယာကို
ခတ်နေရောပဲ "

နေလင်းက ကိုယ့်ငယ်သူချင်းလဲ ဖြစ်သလို ၊ ကိုယ့်
ကျန်းမာရေးအတွက်လဲ သူပဲတာဝန်ယူထားတဲ့သူမို့
အခုလဲ ရာဇ် မူးလဲတာနဲ့ သူ့ကိုလှမ်းခေါ်ထားရတာ ။ရာဇ်! !! ဒီကောင်လေး အကြောပြင်းတာ သူမသိသေးလို့ ။

" ဆေးချိတ်ထားပေးထားလဲ ဒင်းက အိပ်ယာကနေနိုးလာတဲ့အချိန်ကျရင် ဆေးသွင်းထားတဲ့အပ်ကို ဆွဲဖြုတ်ချင်ရင်ဖြုတ်နေတာ ၊ ပြောလို့လဲမရဘူး တအားကို အကြောပြင်းတဲ့ကောင် ၊ မင်းသူ့အကြောင်းမသိလို့ ၊ ရာဇ် က တကယ့်လူဆိုးကောင်ကွ ၊ မင်း
က ဘာမှမသိဘဲနဲ့ လာပြောမနေနဲ့ "

ကိုယ့်စကားကြောင့် နေလင်းကရီလိုက်ရင်း ---

" မင်းဟာလေးအကြောင်း မင်းပဲသိမှာပေါ့ ၊ ငါက
ဘယ်လိုလုပ်သိမလဲ ၊ သူအကြောပြင်းတယ်သာ
ပြောနေတယ် ၊ မင်းကရော ဘာထူးလို့လဲ ၊ မင်းကလဲ တဇွတ်ထိုးကောင်လေ ၊ အကြောပြင်းကောင်နဲ့
တဇွတ်ထိုးကောင် အဲမှာစတွေ့ကျတာပဲ ၊ ဒါနဲ့
သူမျက်နှာတစ်ခြမ်းယောင်နေတယ်နော် ၊ မဟုတ်မှလွဲရော မင်းလက်ပါထားတာလား ၊ ဒီကောင်လေးကို  "

" ဟုတ်တယ် ငါရိုက်လိုက်မိတာ "

" ဟာ! !! မင်းဟာက မဟုတ်သေးပါဘူး သိဒ္ဓိရယ် ၊
တကယ်ဆို မင်းတို့ဖြစ်ခဲ့တဲ့ပြဿနာတွေက သူနဲ့အလွတ်ကြီးနော် ၊ သူက မဆိုင်တာကို ပြဿနာထဲ ဆွဲလဲအထည့်ခံရသေးတယ် ၊ မင်းကပါ ကိုယ်ထိ
လက်ရောက် ထပ်ပြီး နှိပ်စက်နေပြန်တာလား "

My Oleander Hubby ( Completed ) Where stories live. Discover now