RVTIACF chapter-(23)

3.1K 501 13
                                    

CHAPTER-(23)
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

"ဒါပိုင်ရွယ်ဝေ့ဆီက သင်ခဲ့ရတဲ့နည်းလမ်းပဲ။ ပိုင်ရွယ်ဝေ့က ချူရှောင်းသူငယ်ချင်းအဖြစ်ဟန်မဆောင်ခဲ့ဘူးလား။ ဒါမှ ယိချန်ရဲ့အပျော်မယား ဖြစ်လာမှာလေ။ နောက်ဆုံး ယိချန်နဲ့ဇတ်သိမ်းသွားပေမယ့် တိုက်ခန်းလေးမှာပဲ နေရတယ်။ ချူရှောင်းရဲ့ ရွှေပေါင်လုံးကြီးကိုသာ ဆက်ဖက်တွယ်ထားရင် ယွမ်ဆယ်မီလီယံတန်တဲ့ စံအိမ်ကြီးထဲမှာနေနေရလောက်ပြီ! ပိုင်ရွယ်ဝေ့ နင့်ဆုံးဖြတ်ချက်ကို နောင်တရလား?"

လူအများစုက ဒုတိယလူရဲ့တည်ရှိမှုနဲ့ အပြုအမှုတွေကို သဘောမကျကြပေ။ နောက်လူကနစ်နာသူနဲ့အတန်းဖော်တွေ ဖြစ်နေတော့သာ၍ဆိုးတော့သည်။ လူမှုအသိုင်းအဝိုင်းထဲက အရွယ်ရောက်ပြီးသူတွေထက် ကောလိပ်ကျောင်းသားတွေက ပိုအပြစ်ကင်းစင်ပြီး ပိုအား
ကောင်းသောမျှတသည့် အာရုံခံစားမှူလည်းရှိကြသည်။

ကျောင်းသားတွေက မပတ်သတ်ချင်တာကြောင့် သိပ်ပြီးရပ်တည်ပေးလေ့ မရှိကြပေ။ သို့ပေမယ့် လွန်ခဲ့တဲ့နှစ်ရက်လုံး ပိုင်ရွယ်ဝေ့၊ ကျောင်းသူနဲ့ယိချန်တို့ ချူရှောင်းကိုဆက်တိုက် ပြသနာဖြစ်စေတာကိုတွေ့ခဲ့ပြီးဖြစ်၏။

တရားခံသုံးယောက်က ကျောင်းသားတွေကို မပျော်မရွှင်ဖြစ်စေပြီး လူတိုင်းကိုအရူးလုပ်ဖို့ လိုရာဆွဲပြီး မမှန်မကန်တွေပြောသည်။

သူတို့က သိုးအုပ်လေးတွေနဲ့ တူလို့လား? အမှားနဲ့အမှန်ကြား မခွဲခြားနိုင်တဲ့ပုံ ပေါ်နေလို့လား? ရလဒ်ကတော့ တစ်ချို့ကျောင်းသားတွေ မနေနိုင်ဘဲ ကဖျက်ကယက်လုပ်နေတဲ့ ပိုင်ရွယ်ဝေ့နဲ့ကျောင်းသူကို စပြီးပျက်ရယ်ပြုကြတော့သည်။

ပိုင်ရွယ်ဝေ့ယိချန်ကို အမိဖမ်းပြီးနောက်ပိုင်း ချူရှောင်းကခဏလောက်ကြာတဲ့အထိ အတန်းမတတ်ခဲ့တာကြောင့် ကိစ္စကပုံကြီးချဲ့သွားသေးသည်။ ပိုင်ရွယ်ဝေ့တစ်ယောက် သူမအပေါ်လူတိုင်းရဲ့ အမူအရာတွေကို ပြောင်းပြန်လှန်ပစ်နိုင်ဖို့ ကြိုးစားခဲ့သည်။

လူတိုင်းကသူမကို သနားလာအောင် ချူရှောင်းကိုသွားဆွပေမယ့် ချူရှောင်းက မတုံးဘူးဆိုတာ နားလည်သွားတာမို့ သူမရဲ့အစီအစဥ်ကို သတိထားပြီးသာ ဆက်လုပ်ရတော့သည်။ ဘာကြောင့်လဲဆိုတော့ ချူရှောင်းကတစ်ခုခုလွဲနေတာကိုသာ အာရုံခံမိရင်ချက်ချင်း ဆုတ်ခွာသွားမှာဖြစ်သည်။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now