အခန်း(၂၀)

67.4K 7.7K 662
                                    


နေ့လယ်ပိုင်းလောက်တွင်နေအိမ်သို့ပြန်ရောက်ကြ၏။ နေသက်နွေး၏မျက်နှာမှာနေပူရှိန်ကြောင့်နီမြန်းကာဖောင်းဖောင်းလေးပင်ဖြစ်နေလေသည် ။

     " ဗိုက်   .. ဗိုက်ဆာလား ဟင် "

ရောက်ရောက်ချင်းမီးဖိုချောင်ထဲပြေးဝင်ဖို့လုပ်နေတဲ့ကောင်ငယ်လေးအားကျော်ဇေယံထွဋ်ဖမ်းဆွဲထားရသေးသည်။

နေပူမိပြီးမျက်နှာတပြင်လုံးကနီရဲကာရောင်နေသလိုဖောင်းဖောင်းလေးဖြစ်နေသည်မှာအငွေ့နှင့်ပေါင်းထားသောခရမ်းချဥ်သီးလေးတစ်နှယ် ။

ပြတင်းပေါက်တွေအားဖွင့်လို့လေအေးဝင်သောနေရာ၌ထိုင်စေကာ၊နေသာထိုင်သာရှိစေရေးပြုလုပ်ပေးတော့ကြောင်အမ်းအမ်းဖြင့်မျက်လုံးဝိုင်းတွေဖြင့်လိုက်ကြည့်နေ၏။

   " ငါမဆာသေးဘူး ။ အေးဆေးမှချက်သိလား။ ငါအမေ့အိမ်ခဏသွားလိုက်အုံးမယ် "

ခေါင်းငြိမ့်မလာခင်ပင်ထိုပါးနီနီအားဆွဲဖဲ့လိုက်တဲ့အခါ ပို၍ပင်နီရဲသွားသယောင်ပင်။ ဘယ်လိုလုပ်ပြီးကောင်လေး၏မျက်နှာကဒီလောက်နီရဲနိုင်တာလည်းဆိုလည်းဆိုတာမတွေးတက်တော့ချေ ။

   
                       ~

ကျော်ဇေယံထွဋ်ပြန်ရောက်တဲ့အချိန်မှာကြားတွင်၄နာရီကြာမြင့်၏။ နေစောင်းပြီမို့သူ့ဗိုက်ထဲကဆန္ဒပြလာပြီဖြစ်သည်။ အိမ်ထဲဝင်ဝင်ချင်းရလိုက်တဲ့ဟင်းရနံ့တွေကဆာလောင်နေတဲ့ဗိုက်နဲ့ဆန့်ကျင်ဘက်နှလုံးသားတစ်ခုလုံးကိုပျော်ရွှင်၊ကြည်နူးခြင်းတွေဖြင့်ပြည့်နင့်သွားစေသည်။

အိမ်ထောင်သည်တစ်ယောက်ရဲ့ခံစားချက်။ အပြင်ကိုအသွားအိမ်ကိုအပြန်ဟင်းနံ့တွေနဲ့ထမင်းမှာအသင့်စောင့်ကြိုနေတဲ့ချစ်စဖွယ်မျက်နှာပေးကိုမြင်ရတဲ့အချိန်မျိုးမှာကျော်ဇေယံထွဋ်ဘဝမှာလူဖြစ်ရကျိုးနပ်လိုက်တာဆိုပြီးမတွေးပဲမနေနိုင်တဲ့အခိုက်တန့်မျိုးပဲဖြစ်သည်။

  ထမင်းဝိုင်းလေးမှာဟင်းအမယ်သိပ်မစုံသောလည်းအရောင်အဆင်းတောက်တောက်ဖြင့်အနံ့တွေမွှေး၏။ထမင်းမှာပူပူလောင်လောင်ပင်ဖြစ်နေသေးတာမို့၊အငွေ့တထောင်းထောင်းဖြစ်နေသေးသည်။

နေရောင်ခြည်လို   နွေးWhere stories live. Discover now