၂၄..အကျိုးဆက်

3.8K 391 6
                                    

[Unicode]

ချူ၀မ်၀မ် ညှဉ်းပန်းနှိပ်စက်မှုကိုမခံရမှန်းစုရှင်းသိသည်။

ချူ၀မ်၀မ်ကသူမရဲ့ထက်မြက်သောညဏ်ပညာကို အသုံးပြု၍သူမ၏မဟာမိတ်များနှင့် သူငယ်ချင်းများရဲ့အကူအညီဖြင့်နောက်ဆုံးတွင် အပြစ်မရှိကြောင်း တွေ့ရှိလာရလိမ့်မည်ဖြစ်သည်၊အဓိကဇာတ်ဆောင်မင်းသမီးနှင့် ပတ်သက်သည့်စွပ်စွဲချက်အထောက်အထား မလုံလောက်သောကြောင့် ချူ၀မ်၀မ်သည် နောက်ဆုံးတွင် လွတ်မြောက်လာမည်ဖြစ်သည်။

'ဒါပေါ့,ဘာလို့လဲဆိုတော့သူမက နတ်ဘုရားမလိုအဓိကဇာတ်ဆောင်မင်းသမီးမို့လို့လေ,စာဖတ်သူတို့ကဘာတွေမျှော်လင့်နေတာလဲ?!

စုရှင်းနိုးလာတော့ အခန်းကိုကြည့်ကာချက်ချင်း မှတ်မိလိုက်သည်၊ထိတ်လန့်စွာဖြင့်လီဟန်ကို သူမအိပ်ယာဘေးတွေင်တွေ့လိုက်ရသည်၊ တုန်တုန်ယင်ယင်ဖြစ်သွားသော သူမကိုယ်လေးကျုံ့ကာပိုးထည်စောင်ထဲတွင် အသာပြန်ကွေးနေလိုက်၏။သူမရဲ့တုံ့ပြန်မှုကို အဓိကဇာတ်ဆောင်မြင်သွားတော့သူ့ရဲ့မျက်၀န်းတွေကမှေးကျဉ်းလျက် မျက်နှာမှာလည်းမဲမှောင်ကာလည်ပင်းတွင်လည်းသွေးကြောများထောင်နေပြီး ပန်းနုရောင်နှုတ်ခမ်းတွေကို တင်းတင်းကြပ်ကြပ်ဖိထားသည်။

စုရှင်း တုန်လှုပ်သွားပြီးမျက်လုံးကိုချက်ချင်းမှိတ်လိုက်သည်။

ထိုနက်မှောင်သောမျက်၀န်းများက သူမ၏ မျက်နှာကိုစတင်လေ့လာနေချိန်ဘာတွေတွေးနေလဲမသိပေ၊ခေါင်းပဲထုသတ်ဖို့စဉ်းစားနေတာလား ဒါမှမဟုတ် ရင်ဘတ်ထဲကနှလုံးကိုပဲ တိုက်ရိုက်ဆွဲထုတ်ပစ်မလားဆိုတာဘုရားသခင်ပဲသိပေလိမ့်မည်။

'အရမ်းရက်စက်တာပဲ!'ကြောက်ဖို့ကောင်းလိုက်တာ၊စုရှင်းချွေးအေးများထွက်လာတော့သည်။

အဓိကဇာတ်ဆောင်အားသူမ ဘုရားသခင်အကြောင်းဘယ်လောက်သိလဲဆိုတာ တိတ်တဆိတ်တွေးနေပုံပင်၊စုရှင်း..သူတစ်ခုခုပြောလာဖို့စောင့်နေလိုက်၏။သို့သော် တိတ်ဆိတ်မှုကလွဲလို့ဘာသံမှထွက်မလာချေ၊ခိုးကြည့်ဖို့လည်း မဝံ့ရဲပေ။

'ငါကသစ်ပင်၊ငါကသစ်ပင်၊ငါက သစ်ပင်လို့၊အဓိကဇာတ်ဆောင်ရေ,ကျေးဇူးပြုပြီး ကျွန်မကိုလျစ်လျူရှုပေးပါ၊ကျွန်မစိတ်ထဲ မထားပါဘူး'

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now