စာစဉ် ၇၅ (၁၅-၂၀)
1.8K 256 11
Book.              :  75
Chapter.          :  15 - 20
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၇၅၊ အခန်း ၁၅။  ကိုကြီး ဗိုလ် ပြသနာ ရှာတော့မယ်
“ငါ ကြားမိတာတော့ ကိုကြီးဗိုလ်က ယောကျာ်းချောချောလေးတွေ မြင်ရင် ငမ်းငမ်းတက်ပဲတဲ့ .. သူ ဂျိဘုရင်ကို စိတ်ဝင်စားနေတာ ဖြစ်လောက်တယ်”
“သောက်ကျိုးနဲ .. အဲ့ဒါ ဖြစ်နိုင်တယ်ဟ”
“နှမျောဖို့ကောင်းလိုက်တာ … ဂျိဘုရင်တော့ လူဆိုးမတစ်ယောက်ရဲ့ လိုက်နှောင့်ယှက်တာ ခံနေရပြီ”
“ဖိန့်ဖိန့်တုန်ဂိုဏ်းချုပ် ပိုင်ဖန်းက လေလံဈေး ၂၁ ပေးထားပါပြီ ။ ဒုတိယအကြိမ် …”
အစီအစဥတင်ဆက်သူက ဆက်ရေတွက်နေသည် ။
“ဖိန့်ဖိန့်တုန်ဂိုဏ်ဂိုဏ်းချုပ် ပိုင်ဖန်းက ၂၁ သန်း ပေးထားပါပြီ ။
တတိယ … ”
အစီအစဉ်တင်ဆက်သူက ထိုသို့ ပြောလိုက်ပြီး လက်ထဲက တူကို အောက်ချဖို့ လုပ်လိုက်လေပြီ ။
ရီဝမ်ဝမ်သည်ကတော့ ပျော်တပြုံးပြုံး မော်မဆုံးတော့ဘဲ ရွှင်လန်းတက်ကြွလို့ နေချေပြီ ။
သိပ်ကောင်းတယ် .. ငါ့ရဲ့အမှတ်လေးတွေ ငါ့ဆီ ရောက်လာတော့မယ် .. ။
သို့သော် … တင်ဆက်သူက အနိုင်ရသွားသူကို ကြေညာရင်း
တူကို အောက်ချလိုက်တော့ဖို့ အလုပ်မှာပင် သေလောက်အောင်တိတ်ဆိတ်နေသည့် လူအုပ်ထဲကနေ
အသံတစ်သံ ထွက်လာတော့သည် ။
“သန်း ၃၀”
ဝေါ ဝေါ ဝေါ —
ကိုကြီး ဗိုလ် နဲ့ ပြိုင်လုရဲတဲ့သူ ဘယ်သူလေနည်းဟု သိချင်စိတ် ထက်သန်လာစွာဖြင့် လူတိုင်း လှည့်ကြည့်လိုက်မိကြ၏ ။
နံပတ်ပြားကို ထောင်ပြထားသူမှာ … # ၉ …
အရှင် နတ် ဆိုး ။
ငါ လခွမ်း ..
အရှင်နတ်ဆိုး .. လား
ဒါ…ဒါကြောင့်….
ပွဲခန်းမကြီးတစ်ခုလုံးတွင် ဖိန့်ဖိန့်တုန်ဂိုဏ်းကနေ ပြန်လုယူရဲသူဆိုလို့ နတ်ဆိုးသာ ရှိလောက်၏ ။ ဧည့်သည်တော်များမှာ အံ့သြဘနန်း ဖြစ်သွားကြသော်လည်း ရီဝမ်ဝမ်သည်ကတော့ ထိုယောကျာ်းအား နဂါးမျက်စောင်း ကြီး ပစ်ခွင်းနေလေပြီ ။