16.1

4K 440 15
                                    

အခန်း ၁၆.၁ ဘာလို့ကိုယ့်ကိုကိုယ်ခက်ခဲအောင်လုပ်နေတာလဲ

သူတို့ဆက်ဆံရေးက ထင်မထားလောက်အောင်ချောမွေ့နေခဲ့သည်။ ငြင်းခုံတာ ရန်ဖြစ်တာလည်းမရှိဘဲ အကုန်ချောချောမွေ့မွေ့ပင်

အရွယ်ရောက်ပြီးသားလူနှစ်ယောက် ကြိုက်တာက အကုန်လုံးရိုးရှင်းနေခဲ့သည်။ ဒါမဲ့ လည်းယောင်ယောင်က စိုးရိမ်နေမိဆဲ

သူတို့ ဆက်ဆံရေးကို အတည်ပြုပြီးတော့လည်း သူတို့နှစ်ယောက်က အရင်တိုင်းပဲ ဘာမှတိုးတက်လာတာမျိုးမရှိဘူး

သူမဘက်က စနမ်းရင် သူက တက်တက်ကြွကြွ ပြန်တုံ့ပြန်နမ်းတတ်ပေမယ့် အဲ့ကနေ မတက်

တဖက်လူကိုလေးစားမှုရှိတာက ကောင်းမွန်တဲ့အရာဆိုပေမယ့် သူမကတော့ တအားကို ကောင်းမွန်လွန်းနေသလို ခံစားနေရတာ

ယောင်ယောင်သက်ပြင်းချလိုက်မိသည်။

ယောင်ယောင်သက်ပြင်းချနေတာကို ခနခန ကြားနေရလို့လားတော့မသိ တန်ချင်းက "လေ့ာယောင်ယောင် နင်သက်ပြင်းချဖို့ အချိန်ရှိရင် အတန်းထဲ အာရုံစိုက်သင့်တယ်"���စားပွဲပေါ်ကဖွင့်တောင်မဖွင့်ရသေးတဲ့ ဖတ်စာအုပ်ကို ကြည့်ကာ မေးထောက်ပြီး "တန်ချင်း ငါစိတ်ပူနေတာ"

"ပိုပြီး စိတ်မပူချင်ရင် ဖတ်စာအုပ်ကို အာရုံစိုက်"

တန်ချင်းက စင်ပေါ်က ဆရာကိုပဲ အာရုံစိုက်နေကာ မှတ်စုတွေရေးရင်း "လော့ယောင်ယောင် ငါတို့နောက်အပတ် စာမေးပွဲတစ်ခုရှိတာ နင်မေ့နေပြီလား?"

"ဘာရယ်?" ယောင်ယောင်လန့်သွားတော့သည်။��တန်ချင်းက သူမကိုကြည့်လာကာ "နင် တကယ့်ကိုမေ့နေတာပဲ" သူမထင်တာက ယောာင်ယောင်က နောက်ဆုံးစာမေးပွဲအတွက် စာတအားကြိုးစားနေတာလို့လေ

ယော့ယောင် မျက်နှာ ဖြူဖျော့သွားတော့သည်။ သူမ တကယ်မေ့နေတာ ဒိီရက်တွေခေါင်းထဲမှာက ချင်းကျင်းနဲ့ပဲ ပြည့်နေတာဒိိီနေ့ ဖြစ်နိုင်ရင် အတန်းတောင်မတက်ချင်ဘူး သေစမ်း သူမ စာမေးပွဲကျတော့မှာပဲ

ယောင်ယောင် သနားစရာကောင်းစွာ စားပွဲပေါ်လှဲနေတာမြင်တော့ တန်ချ်ငးက ပြုံးကာ "ဒီနှစ်ပတ်အတွင်း င့ါမှတ်စုတွေယူပြီး စာလေ့လာချေ အဆင့်ကောင်းကောင်းမရရင်တောင် အောင်ဖို့ မခက်လောက်ဘူး"

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now