|Final|

7K 519 19
                                    

Unicode Version

နေ့လည်အားလပ်ချိန်ဆို ရိပေါ်သွားနေကျ
ကျောင်းခေါင်းမိုးထပ်လေးက သူတို့နှစ်ယောက်
အတူရှိနေကျ နေရာလေးတစ်ခုဖြစ်လာခဲ့တာ
ရှောင်းကျန့် သူ့ဘဝထဲ ဝင်လာပြီးတည်းကပင်။
ရိပေါ် သွားတတ်မှန်းသိလို့ ဘယ်ကျောင်းသားကမှ
ထိုနေရာကို တက်မလာရဲတာကြောင့်
သူတို့နှစ်ယောက် နေ့လည်နေ့ခင်းဆို ထိုအပေါ်မှာ
လွတ်လွတ်လပ်လပ် ပြုမူတတ်လေသည်။

ဥပမာ အခုလို ခြေဆင်းထိုင်ထားတဲ့ ရိပေါ်
ပေါင်ပေါ်မှာ ရှောင်းကျန့်က ခေါင်းအုံးပြီး
ကောင်လေးခါးကို ပွေ့ဖက်ထားတာမျိုးပေါ့။

"နောက်တစ်ပတ်ဆို ကိုယ်တို့ကျောင်းဆင်းပွဲ
လာတော့မယ်နော်..."

"အင်း..."

"ကိုယ်မရှိတော့ရင် မင်းကိုယ့်ကို မေ့သွားမှာလား
ဟင် ရိပေါ်..."

"စီနီယာက ဘယ်သွားမှာမို့လဲ..."

ရှောင်းကျန့်က ရိပေါ်ပေါင်ပေါ် ခေါင်းအုံးပြီး
လှဲနေရာမှနေ မော့ကြည့်လိုက်ရာ ကောင်လေးက
သောက်နေကျ စတော်ဘယ်ရီဒိန်ချဉ်ဘူးလေး
စုပ်သောက်နေရင်း အမေးမျက်ဝန်းတို့ဖြင့်
ပြန်ငုံ့မိုးကြည့်လေသည်။

"ဘယ်မှတော့ မသွားပါဘူး...ဒါပေမယ့်
မင်းအနားမှာ ကိုယ်အရင်လို အချိန်ပြည့်
ကပ်မနေနိုင်တော့ဘူးလေ...ကျောင်းမှာ
ကိုယ်မရှိတော့ပေမဲ့ နောက်ထပ်နှစ်နှစ်ကို
မင်းဆက်တက်ရမှာမလား...အဲ့ဒါကြောင့် ကိုယ့်ကို
မေ့သွားမှာလားလို့..."

"အဲ့လိုကြေးဆို ကျွန်တော့်အချိန်သုံးနှစ်လုံး
စီနီယာ့ကိုပဲ ပေးထားဦးမယ်ထင်နေတာလား..."

"အဲ့ဒါတော့လဲ အဲ့ဒါပေါ့...ဒါပေမယ့်ကွာ ပိစိလေး
သိတယ်မလား...ကိုယ်ကမှ မင်းကို စိတ်မချတာ...
ကိုယ့်ပိစိလေးက ဒီလောက်ချစ်ဖို့ကောင်းနေတာ...
ကိုယ်မင်းအနား မရှိတော့တဲ့အတောအတွင်း
ကိုယ့်ဆီကနေ မင်းကိုလုယူမဲ့လူပေါ်လာရင်
ဘယ်လိုလုပ်မလဲ..."

"လုယူချင်တိုင်း လုယူလို့ရအောင် ကျွန်တော်က
အရုပ်မို့လို့လား...စီနီယာကလွဲလို့ ဘယ်သူ့ကိုမှ
ကျွန်တော်က..."

Lovely GlareWhere stories live. Discover now